စျေး မီဒီယာ
သုံးနှစ်အထက်

ကြောင်မျက်လုံး (သို့မဟုတ်) မျက်ဖြူကလေးများ

Posted by San Su Kyi Naing November 28, 2017
E1jrbsuvtjtppipqeovi

ကြောင်မျက်လုံး (သို့မဟုတ်) မျက်ဖြူကလေးများ
***************************************
မျက်စိရောဂါ လူနာများ အားကြည့်ရှုပေးနေရာမှ ၃နှစ် ၄လရှိသော ကလေးတစ်ယောက်၏ မျက်လုံးကို ကြည့်ရှု့စစ်ဆေးရာမှာ
ကြောင်မျက်လုံးဟု ခေါ်ဝေါ်လေ့ရှိသော မျက်လုံးအတွင်း အလယ်တွင် ဖြူနေသော White Reflex (အဖြူရောင် အလင်းပြန်မှုအား ) ဓာတ်မီးနှင့်ထိုးကြည့်ရာ ထင်ရှားစွာ တေွ့ရပေသည်။
မိခင်သတိထားမိတာ ၆ လခန့် ရှိပြီဖြစ်ကြောင်း အမြင်အား တဖြေည်းဖြည်းနှင့် မှုန်လာကာ ကလေးမှာ ပို၍ ငိုကြောင်း သိရပေသည်။
မျိုးရိုးထဲတွင်လည်း အလားတူ မျိုးရိုးမရှိကြောင်း သိရှိရသည်။
ရောဂါဖြစ်ပွားပုံနှင့် သတိထားမိပုံ အဆင့်ဆင့် ပိုမိုဆိုးလာသည်ထိ ကြာသော အချိန် ဖြစ်လာသည်။

မျက်စိရာဇဝင် ကျန်းမာရေးရာဇဝင်တို့ကို သေချာစွာ ကျန်းမာရေးစစ်တမ်းကောက်ယူရပေမည်။
• မိခင်ဖြစ်သူ၏ ကိုယ်ဝန်ဆောင် ကာလ ကျန်းမာရေး အခြေအနေ၊
• ဆေးဝါးကုသမှု၊
• ကလေးမေွးဖွားမှု အဆင့်ဆင့်နှင့်
• လမစေ့ခင် မေွးဖွားမှု ဟုတ်၊ မဟုတ်
• မီးဖွားပြီးကလေး၌ အခြားသော ရောဂါများ ခံစားမှုရှိ၊ မရှိ ၊
• မျက်လုံးအား ထိခိုက်မှုရှိ၊ မရှိ
• မိသားစုတွင် အလားတူ ဖြစ်ရပ်မျိုး ရှိ၊ မရှိ
• အိမ်တွင်မေွးလေ့ရှိသော၊ ကြောင် ခေွးကလေးများနှင့် အတူနေထိုင်မှုရှိ၊ မရှိ စသည်တို့ကို မေးမြန်းရပေသည်။
အဘယ်ကြောင့်ဆိုသော်
ကြောင်မျက်လုံးမျက်စိရောဂါဟာ မျက်လုံးကိုသာ ပျက်စီးဆုံးရှုံး ဒုက္ခပေးရုံသာမက အသက်အန္တရာယ်ကိုပါ ပေးနိုင်သောကြောင့် ၊ လှျင်မြန်စွာ စစ်ဆေးကုသဖို့ ပို၍ အရေးကြီးသည်။

မှတ်ချက် ။ ။ မေ့ရင်သေွး မဂ္ဂဇင်း နိုဝင်ဘာလထုတ် တွင် ဒေါက်တာကိုဦး (လင်းသစ္စာ) ၏ ကြောင်မျက်လုံးများ သတိထား (သို့မဟုတ်) မျက်ဖြူလေးများသတိထား ဆောင်းပါးမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.