Kyarlay.com

over 2 years

ရိုးရိုးမွေးရမလား ခွဲမွေးရမလား


Iuq5wg6ehibzd7557psp

ရိုးရိုးပဲမွေးမွေး၊ ခွဲစိတ်ပြီးပဲမွေးမွေး ကောင်းတာ ဆိုးတာတွေတာတွေဟာ နှစ်ဖက်လုံးမှာ ရှိပါတယ်။ သဘာဝ အတိုင်း ရိုးရိုးပဲ မွေးခဲ့ကြပြီး ရိုးရိုး မမွေးနိုင်တဲ့သူမှသာ ခွဲစိတ်မွေးဖွားခဲ့ကြတာဆိုတော့ ဘယ်လိုမွေးရင် ပိုကောင်းမလဲဆိုတာ သိသာပါတယ်။။ ရိုးရိုးမွေးပေးရတာဟာ ခွဲစိတ်မွေးပေးရတာထက် အများကြီး ပိုပင်ပန်ြး့ပီး အများကြီး ပိုတာဝန်ကြီးပေမယ့် ရိုးရိုးမွေးလိုက်တာဟာ တစ်သက်လုံးကောင်းစားဖို့ တစ်ရက်တာ အနာခံလိုက်တာ ဖြစ်သည်။ခဏတာနာမှာကြောက်လို့ ခွဲစိတ်မွေးလိုက်တဲ့ သူဟာ အခန့်မသင့်ရင် တစ်ဘ၀လုံးစာ နာချင်နာနေ တတ်တာ မေမေတို့ရေ…….။ ရိုးရိုးမွေးဖို့ ဗိုက်နာနေတဲ့သူက ကျွတ်…. ကျွတ်…. ကျွတ်…. ကျွတ် နဲ့ နာကျင်နေပေမယ့် ။ ခွဲမွေးမယ့်သူကတော့ အေးဆေးဖြစ်နေပါမယ်။

ကလေးမွေးပြီးတဲ့ အချိန်အဲဒီ နှစ်ယောက်ကို ပြန်ယှဉ်ကြည့် .။ ရိုးရိုးမွေးထားတဲ့သူက ကလေးလေး ပိုက်ပြီး ပြုံးပြုံး နဲ့ လျှောက်သွားနေချိန်။ ခွဲစိတ်နေမွေးထားရတဲ့သူက လက်မှာ Drip လေး တန်းလန်း တန်းလန်းနဲ့ ပက်လက် ကလေးကို ချီခွင့်မရသေးပါဘူးနော်။မေမေတို့လည်း ဘယ်လိုမွေးဖွားရတာ ကောင်းမလဲ ဆိုတာ စဉ်းစာလို့ရပါပြီနော်..။

Ref; မေ့ရင်သွေး မဂ္ဂဇင်း