မေမေတို့ရေ ကလေးတေွရဲ့အသက်တစ်နှစ်မတိုင်မီမှာ သူတို့တေွရဲ့ကြီးထွားနှုန်းတေွဟာ မြန်ဆန်နေတတ်ကြပါတယ်။ အလျင်အမြန်ကြီးထွားနှုန်းတေွကြောင့် မိခင်တေွလည်းသတိထားမိတတ်ကြပါတယ်။ ဒါပေမယ့်လည်း အသက်တစ်နှစ်ကျော် တစ်နှစ်ခွဲလောက်မှာဆိုရင်တော့ ကလေးတေွဟာ ကြီးထွားနှုန်းနေှးကေွးသွားတတ်ပါတယ်။ သဘာဝအလျောက်နေှးကေွးသွားတာဖြစ်လို့ အရင်ကလိုမျိုး မထွားတော့ဘူးဆိုတဲ့ အတေွးမျိုးကို မေမေတို့က တေွးမိတတ်ကြပါတယ်နော်။ အဲ့ဒီအတွက်လည်း ကလေးကိုအစာတေွအတင်းကျေွးတတ်ကြပါတယ်။ ကလေးကကျေွးသလောက်မစားတဲ့အခါမှာတော့ ကလေးအစားကောင်းကောင်းမစားဘူးလို့ ယူဆသွားတတ်ကြပါတယ်။
မေမေတို့ရေ မေမေတို့သတိထားဖို့က ကလေးတေွဟာ မေွးစကနေ အသက် ၆ လအထိ ကြီးထွားနှုန်းအရမ်းမြန်ပါတယ်။ အသက် ၆ လခန့်ကစပြီး တစ်နှစ်ကြားမှာလည်း မြန်နေဆဲပါပဲ။ မေွးစကိုယ်အလေးချိန်ဟာ အသက် တစ်နှစ်အရွယ်မှာ သုံးဆလောက်ဖြစ်လာတတ်ပါတယ်။ တစ်နှစ်ကနေ သုံးနှစ်ကြားကလေးကတော့ သုံးလလောက်ကြာမှသာ ကိုယ်အလေးချိန်တစ်ပေါင်လောက်တိုးတက်လာနိုင်တာပါ။ သဘာဝဖြစ်တဲ့အတွက် မေမေတို့တေွစိတ်မပူကြဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။
Ref; HM (ကျားလေး)