စျေး မီဒီယာ
တစ်နှစ်မှ သုံးနှစ်

၉ လအထက် ရင်သေွးငယ်လေးများအတွက် ပြင်ဆင်ပေးနိုင်မယ့် ခရမ်းချဉ်သီးဟင်း ..

Posted by Ngu Wah May 16, 2019
Gc08irqfjxelcm1l51en

မေမေတို့ရေ ဘေဘီလေးတေွအတွက် ခရမ်းချဉ်သီးအနှစ်ဟင်းလျာလေးကို စားချင်စဖွယ်ပြင်ဆင်ပေးရအောင်နော်။ ခရမ်းချဉ်သီးက အသားအရေလှပဖို့အတွက်ရော ကျန်းမာရေးအတွက်ရော သင့်တော်တဲ့ အသီးလေးပါ။ ၉ လနဲ့အထက် ဘေဘီလေးတေွအတွက် ပြင်ဆင်ပေးနိုင်မယ့် ဒီဟင်းလျာလေးကို ကိုယ်တိုင်ပြုလုပ်ပေးလိုက်ရအောင်နော်။

ပါ၀င်ပစ္စည်းများ ..
- ခရမ်းချဉ်သီး ... အကြီး ၂ လုံး (ခရမ်းချဉ်သီးအရွယ်တော် ၁ လုံး နှင့် ရယ်ဒီမိတ်ခရမ်ချဉ်သီးအနှစ် ၂ ဇွန်းသုံးလည်းရပါတယ်။ သဘာဝခရမ်းချဉ်သီးချည်းသုံးရင်တော့ပိုကောင်းပါတယ်။)
- မုန်လာဥနီ ... အရွယ်တော် ၁ လုံး
- ကြက်သွန်ဥနီ ... အရွယ်တော် ၁ လုံး
- ကြက်သွန်ဖြူ ... အမွှာကြီး ၁ မွှာ
- ပဲနီလေး ... ဟင်းစားဇွန်း ၂ ဇွန်း
- ငါးပြုတ်ရည် ... ဟင်းချိုသောက်ပန်းကန် ၁ လုံး (လတ်ဆတ်သည့်နှစ်သက်ရာငါးပြုတ်ရည်ကိုသုံးနိုင်ပါသည်။ ကြက်ပြုတ်ရည်ကိုအသုံးပြုလှျင်လည်းရပါသည်)
- ပင်စိမ်း ... ၂ ရွက် (ဟင်းခပ်အနံ့အတွက်သုံးနိုင်ပါသည်)
- ဆား ... အနည်းငယ်
- ထောပတ် (သို့) စားသုံးသည့်သံလွင်ဆီ ... စားပွဲတင်ဇွန်း ၁ ဇွန်း

ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦိးစွာ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ကြက်သွန်ဥနီတို့ကို ရေစင်အောင်ဆေးပြီး အတုံးလေးများတုံးကာ သီးခြားစီထားပါ။
- ပဲနီလေးကို ရေဆေးပြီးရေစိမ်ထားပါ။
- အိုးသန့်သန့်လေးထဲသို့ ထောပတ် (သို့) သံလွင်ဆီထည့်ပြီး ကြက်သွန်နီဆီသတ်ပါ။
- မုန်လာဥနီထည့်ပြီးမေွှပါ။ ပြီးလှျင် ကြက်သွန်ဖြူ တစ်မွှာကို အမွှာလိုက်ထည့်ပြီးအဖုံးအုပ်ထားပါ။
- တအောင့်ကြာလှျင် အိုးထဲသို့ ခရမး်ချဉ်သီးထည့်မေွှပါ။ ပဲနီလေးကို ရေစစ်ပြီးထည့်မေွှပါ။ ပြီးလှျင် ငါးပြုတ်ရည်ထည့်ပါ။ ဆားအနည်းငယ်ထည့်ပါ။
- ရေပွက်ပွက်ဆူပြီး ပါ၀င်ပစ္စည်းများအားလုံး နူးအိပျော်သွားသည်အထိ အိုးတည်ထားပါ။
- မီးဖိုပေါ်မှချခါနီးတွင် အနံ့ကောင်းမွန်စေရန်အတွက် ပင်စိမ်းအုပ်ပါ။
- ပြီးလှျင် မီးဖိုပေါ်မှချ၍ Blander ထဲထည့်ပြီး ကြေညက်အောင်မေွှပြီးလှျင် ရင်သေွးငယ်လေးများကို အအေးခံကျေွးမေွးနိုင်ပါပြီ။
Ref;HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.