စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

၉ လအရွယ် ဖြည့်စွက်စာပြုလုပ်နည်း (အသီးအရွက်စုံဟင်းအနှစ်လေး)

Posted by Ngu Wah May 19, 2019
Avrh5klxyc3vkbjckdr6

မေမေတို့ရေ ဒီကနေ့မှာတော့ ဘေဘီလေးတေွအကြိုက်တေွ့ပြီး ခံတွင်းမြိန်စေမယ့် အသီးအရွက်စုံဟင်းအနှစ်လေးကို ပြင်ဆင်ပေးလိုက်ရအောင်နော်။ ဒီဟင်းလျာလေးကတော့ အသက် ၉ လနဲ့အထက် ရင်သေွးငယ်လေးတေွအတွက် ပိုမိုသင့်တော်ပါတယ်နော်။

အသီးအရွက်စုံဟင်းအနှစ်လေး
================
ပါ၀င်ပစ္စည်းများ ...
- ဟင်းနုနွယ်ရွက် ... အရွက် ၂၀ ခန့်
- အာလူး ... အရွယ်တော် ၁ လုံး
- ခရမ်းချဉ်သီး ... အလုံးကြီး (၁) ခြမ်း
- မုန်လာဥနီ ... အရွယ်တော် ၁ လုံး
- ကြက်ဥ ... ၁ လုံး

ပြင်ဆင်ချက်ပြုနည်း ...
- ဦးစွာအိုးသန့်သန့်လေးထဲကို ရေအနည်းငယ်ထည့်ပြီး မီးဖိုပေါ်တည်ပါ။
- ဟင်းနုနွယ်ရွက်များကို ရေစင်အောင်ဆေးပြီး အိုးထဲသို့ထည့်ပါ။
- မုန်လာဥနီကို အခွံခွာ ရေစင်အောင်ဆေးပြီး အတုံးလေးများတုံးထည့်ပါ။
- ခရမ်းချဉ်သီးကို ရေစင်အောင်ဆေး အခွံခွာ အလယ်အူတံနှင့်အစေ့ထုတ်ပြီး အတုံးလေးများတုံးထည့်ပါ။
- အာလူးကိုအခွံခွာရေဆေးပြီး အတုံးလေးများတုံးထည့်ပါ။
- ၁၀ မိနစ်ခန့်ပြုတ်ပြီး ရေဆူလာပြီးလှျင် ကြက်ဥဖောက်ထည့်ပြီး ဆူအောင်ထပ်တည်ပါ။
- ပြီးလှျင် မီးဖိုပေါ်မှချပြီး အိုးထဲမှ အသီးအရွက်စုံကြက်ဥများကို Blander ထဲသို့ထည့်ပါ။ ပြုတ်ရည်အနည်းငယ်ထည့်ပါ။
- Blander ထဲသို့ထည့်မေွှပြီးပါက ရင်သေွးငယ်များအတွက် ပြင်ဆင်ကျေွးမေွးနိုင်ပါပြီ။
Ref; HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.