မိန်းကလေးတစ်ယောက်မှာ သူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ Hymen လို့ခေါ်တဲ့ အမြေှးပါးဆိုတာ ပါပါတယ်။ အဲဒီအမြေှးဟာ မိန်းမကိုယ် အဝရဲ့ ပတ်ပတ်လည်မှာရှိပြီး မေွးလမ်းကြောင်းကို တစ်စိတ်တပိုင်းဖုံးအုပ်ထားပါတယ်။
ပုံစံမျိုးစုံနဲ့ ရှိနေနိုုင်ပြီး အများအားဖြင့်တော့ အလယ်အမှာ အပေါက်ပါပါတယ်။ အဲဒီမှ တစ်ဆင့် ရာသီသေွးဆင်းလာရတာပါ။ တစ်ခါတစ်လေမှာ အပျိုအမြှးပါးလေးဟာ သူ့အလိုလို ပေါက်သွားတတ်ပါတယ်။ စက်ဘီးစီးခြင်း၊ ဆိုင်ကယ်စီးခြင်း၊ သစ်ပင်တတ်ခြင်း၊ ကျန်းမာရေးစစ်ဆေးမှု တစ်ခုခုခံယူဖူးတာ ၊ မိမိဖာသာ တစ်ကိုယ်ရေ အာသာဖြေခြင်းကြောင့် စတဲ့ အကြောင်းအရင်းများစွာကြောင့် အပျိုအမြေှးပေါက်ရခြင်းဖြစ်ပါတယ်။
အချို့အမျိုးသမီးတေွမှာ ရာသီသေွးတော့ရှိတယ် သူ့မှာ အပေါက်မပါတော့ ရာသီသေွးေတေွဟာ ကိုယ်ခန္ဓာထဲမှာအောင်းနေတဲ့အခါ အဲဒီအမြေှးကို ဖောက်ပေးရပါတယ်။ မိန်းမကိုယ်အဝကို ဖုံးထားလို့ အပျိုဖြစ်တဲ့ အထိ ရာသီမလာတဲ့ မိန်းကလေးတေွလဲ ရှိပါတယ်။
အချို့ ယောကျာ်းလေးတေွဟာ အပျိုအမြေှးပါး ပေါက်နေခြင်း (လိင်ဆက်ဆံချိန်မှာ သေွးမထွက်ခြင်းကြောင့်) အပျိုမစစ်၊ စစ် ပြောနေကြတာ အမှားတစ်ခုကို ဆုတ်ကိုင်မိတာပါပဲ။ ဒါဟာ သေွးထွက်မှ အပျိုစစ်တယ်ဆိုတဲ့ အယူအဆ အမှားကို လက်ကိုင်ထားကြတာပါ။ ဒီအယူအဆအမှားကြီးကို လက်ကိုင်းထားနေရင်လည်း ကိုယ်တေွ တည်ဆောက်မယ့် ဘဝ တစ်ခုအတွက် အဖုအထစ် ဖြစ်လာပြီး ပျက်စီးကြရမှာပဲ။
တကယ်တော့ စစ်မှန်တဲ့ Relationship တစ်ခု တည်ဆောက်တဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက်က ပွင့်ပွင့်လင်းရှိဖို့က အရေးကြီးပါတယ်။ အပျို၊ မစစ်/ စစ် တာတေွက အဓိက မကျပဲ တစ်ယောက်နဲ့ တစ်ယောက်က အပြန်အလှန်လေးစားမှု၊ နားလည်မှု ရှိခြင်းက သာ အဓိက သော့ချက်တစ်ခုပါ။
Credit: ဒေါက်တာဖြိုးသီဟ