
တစ်နှစ်ကျော် ကလေးတေွအတွက် ကျေွးနိုင်မယ့် ဖြည့်စွက်စာလေး ပြုလုပ်ပုံလေးကို ဖော်ပြပေးမှာပါ။ ၁နှစ်အရွယ် ကလေးတေွက သွားပေါက်စ ပြုနေပြီ ဖြစ်တဲ့အတွက် ကလေးစားချင်ချင် မစားချင်ချင် အာဟာရ ပြည့်စုံအောင် စိတ်ရှည်ရှည်နဲ့ ကျေွးပေးရမှာက မေမေတို့ တာဝန်ပါပဲ။ အသက် ၁နှစ်ကျော် အရွယ်ရောက်လာပြီ ဆိုရင်တော့ အဲ့ဒီနောက်ပိုင်းမှာ ဖြည့်စွက်စာကျေွးမေွးမှုကို တစ်နေ့ကို (၂) ကြိမ်ကနေ (၃) ကြိမ်အပြင် သွားရည်စာလေးတေွပါ လုပ်ကျေွးပေးဖို့လိုပါတယ်။ ကျေွးမေွးရာမှာတော့ စားနေကြ အစားအစာတေွအပြင် ရာသီအလိုက် အစားအစာတေွကိုလည်း ကျေွးပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အရင်ကအတိုင်းနဲ့ မတူအောင် အနည်းငယ်တော့ ပြင်ဆင်ပေးဖို့ လိုပါတယ်။
ငှက်ပျောသစ်တော်သီးမုန့်
=========
ပါ၀င်ပစ္စည်းတေွကတော့
coconut oil၊ ငှက်ပျောသီး ၁ လုံး၊ ကြက်ဥ ၂ လုံး ၊ဟင်းနုနွယ်ရွက်၊ သစ်တော်သီး ၁ လုံး၊ ဂျုံစေ့အမှုန့် ၁ခွက်( Oat ၊ မုန့်ဖုန်ဆော်ဒါ အနည်းငယ်။

ပြုလုပ်နည်း
(၁) အသီးတေွကို ရေစင်အောင်ဆေးထားရပါမယ်။
(၂) သစ်တော်သီးကို သင်္ဘောသီးခြစ်သလိုမျိုး ခြစ်ထားရပါမယ်။
(၃) ဟင်းနုနွယ်ကို နွွှင်ထားရပါမယ်။
(၄) ပြီးရင် ကြိတ်စက်(Blender) ထဲကို ခြစ်ထားတဲ့ သခွားဖရုံသီး၊ ဟင်နုနွယ်ရွက်ကို ထည့်ပါ။
(၅) ငှက်ပျောသီးကို အခွံခွာပြီး ပိုင်းဖြတ်ထည့်ပါ။
(၆) ကြက်ဥကို အနှစ်ဖယ်ပြီး အကာများထည့်ပါ။
(၆) Oats နှင့်၊ မုန့်ဖုတ်ဆော်ဒါများကို ထည့်ပြီး ဆီ အနည်းငယ်ထည့်ကာ ညက်အောင် ကြိတ်ပေးပါ။
(၇) ကြိတ်ထားတဲ့ အနှစ်များကို ပလက်စတစ် အိတ်ထဲကို ထည့်ပါ။ ပြီးရင် ပလက်စတစ်အိတ် ထောင့်စွန်းလေးကို ညှပ်ထုပ်လိုက်ပြီး အဲဒီကနေ အနှစ်များကို မိမိလိုသလို ပုံဖော်ပြီး မိနစ် ၃၀ လောက် ဖုတ်ထားပေးပါ။ မိနစ် ၃၀ ပြည့်တာနဲ့ မေွှးကြိုင်ပြီး အရသာရှိတဲ့ ငှက်ပျောသစ်တော်သီးမုန့် လေးရရှိပါပြီ။ ကလေးများ ကျောင်းသွားတဲ့အခါမှာလည်း အစာပြေစားလို့ရအောင် ထည့်ပေးလိုက်လို့လည်းရပါတယ်။ ငှက်ပျောသစ်တော်သီးမုန့်ဟာ ကလေးများအတွက် ဦးနေှာက်ဖွံ့ဖြိုးမှုမှာ များစွာ အထောက်အကူပြုပေးနိုင်ပါတယ်။
Ref;Buona
