Kyarlay.com

over 1 year

လမ်းလျှောက်တတ်စအရွယ် ကလေးငယ်၏ ကြီးထွားဖွံ့ဖြိုးမှု ..


X23jbkmbor6wjvy22qtb

မေမေတို့ရေ ကလေးငယ်တွေဟာ အသက် ၁ နှစ်ဆိုရင် လမ်းလျှောက်ဖို့အတွက် အစပျိုးပါပြီနော်။ ကလေးငယ်တွေဟာ အသက် ၁ နှစ် ကနေ ၂ နှစ်ကြားမှာ တစ်နှစ်လုံးအတွက် ကလေးရဲ့ ကိုယ်အလေးချိန်ဟာ ၄ ပေါင်ကနေ ၆ ပေါင်လောက်အထိ တိုးလာတတ်ပါတယ်။ အရပ်အမောင်းအနေနဲ့ကတော့ ၄ လက်မလောက်ပိုပြီး ရှည်လာတတ်ပါတယ်။ ဒီအရွယ်မှာ ဖွံ့ဖြိုးမှုရဲ့ အဓိကအရေးကြီးတာကတော့ ဦးနှောက်ရဲ့ကြီးထွားဖွံ့ဖြိုးမှုပါပဲ။

သန္ဓေသားဘ၀ကလွဲရင် လူ့ဘ၀သက်တမ်းတစ်လျှောက်မှာ မွေးစကနေ ၃ နှစ်အရွယ်အထိက ဦးနှောက်ရဲ့ကြီးထွားဖွံ့ဖြိုးမှုအမြန်ဆုံးဖြစ်ပါတယ်။ အသက်တစ်နှစ်အောက်မှာ ဦးနှောက်ဟာ ဖွံ့ဖြိုးနေသလို တစ်နှစ်ကနေ သုံးနှစ်ဆိုရင် ဆက်လက်ဖွံ့ဖြိုးဆဲအရွယ်လို့ သတ်မှတ်နိုင်ပါတယ်။ မွေးစကနေ ၃ နှစ်အတွင်းကတော့ ဦးနှောက်ထဲမှာ ဆဲလ်တွေ၊ အာရုံကြောကွန်ရက်တွေ ဖွံ့ဖြိုးလာတာပဲဖြစ်ပါတယ်နော်။

ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုမှာ အရေးကြီးတဲ့ အာဟာရဓာတ်တွေကတော့ အိုင်အိုဒင်း၊ သံဓာတ်၊ ထုံးဓာတ်၊ ဖက်တီးအက်ဆစ်နဲ့ ပရိုတင်းဓာတ်တွေ ပဲဖြစ်ပါတယ်နော်။ အဲ့ဒါကြောင့်လည်း မေမေတို့က ကလေးငယ်တွေ လမ်းလျှောက်တတ်စအရွယ်မှာ ဖွံ့ဖြိုးမှုတွေကို ထောက်ပံ့ပေးမယ့် အစားအစာတွေကို ပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်နော်။
(အာဟာရဆရာဝန်ကြီး ဒေါက်တာလှကြည်ရေးသားသည့် ရင်သွေးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှကိုးကားပါသည်)
Ref;HM (ကျားလေး)