
ကိုယ်ဝန်ရှိမရှိ ဆီးဘယ်အချိန်မှာ စစ်ရမလဲ ဆိုတာ အရေးကြီးပါတယ်။ အခုအတူနေပြီး အခု ထစစ်လို့ မရပါဘူး။ မိန်ကလေးတိုင်းဟာ ကိုယ်ဝန်ရတဲ့ ဖြစ်စဉ်ကိုလည်း သိထားဖို့လိုပါတယ်။ မိန်းကလေးတစ်ယောက်ဟာ အပျိုဖေ်ာဝင်စမှစပြီး သေွးဆုံးသည်အထိ တစ်လကို တစ်ခါ မမျိုးဥ ကြေွပါတယ်။
မမျိုးဥလေးနဲ့ အမျိုးသားဆီကလိင်ဆက်ဆံလိုက်လို့ ၀င်လာတဲ့ သုတ်ပိုးလေးနဲ့ သားဥပြွန်ထဲမှာ ပေါင်းသွားရင် သန္ဓေအောင်ပါတယ်။ အောင်သွားတဲ့ သန္ဓေသားလေးက သားဥပြွန်ထဲကနေတစ်ဆင့် သားအိမ်ဆီကို ဆင်းလာပြီး သားအိမ်နံရံမှာ တွယ်ကပ်လိုက်ရင် သန္ဓေတည်ပါတယ်။
သန္ဓေတည်တဲ့အခါမှာ HCG ဟော်မုန်းက ထွက်လာပါတယ်။ သန္ဓေအောင်ပြီး (၆) ရက်လောက်နေရင် ထွက်လာပါတယ်။ ဟော်မုန်းက ဆီးထဲပါလာ၊ မပါလာ ဆီးစစ်တံနဲ့ စစ်ရပါတယ်။ ဆီးစစ်တဲ့အခါမှာလည်း ရာသီထိန်ပြီး တစ်ပတ်လောက်နေမှ စစ်မှသာ အတိအကျစစ်ဆေးမှု ဖြစ်ပါတယ်။ ဆီးစစ်လို့ (၂) ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိပါတယ်။ တစ်ကြောင်းဆို မရှိပါဘူး။
Ref: ဒေါက်တာဖြိုးသီဟ