မေမေတို့ရေ လမ်းလေှျာက်တတ်စ အရွယ်ကလေးငယ်လေးတေွဟာ လူကြီးတေွလိုပဲ အာဟာရဓာတ်မျိုးစုံကို လိုအပ်ပါတယ်နော်။ ကြွက်သားတေွ၊ အထူးသဖြင့်တော့ ကျောကုန်း၊ တင်ပါးနဲ့ ခြေထောက်ကြွက်သားတေွ ကြီးထွားနေချိန်မှာ ပရိုတင်းအာဟာရလိုအပ်ပါတယ်။
အရိုးတေွမှာ သတ္တုဓာတ်ပေးဖို့အတွက် deposit လုပ်နေရချိန်၊ ငယ်သွားတေွပေါက်နေချိန်ဖြစ်တဲ့အတွက်လည်း ကယ်လ်စီယမ်ဓာတ်လိုအပ်ပါတယ်။
ဒီကာလမှာ သေွးထုကြီးမားလာနေပြီး သေွးနီဥတေွအရေအတွက် များပြားလာနေတာမို့ သံဓာတ်လည်းလိုအပ်ပါတယ်။ အမေ့ဗိုက်ထဲမှာရှိစဉ်က စုဆောင်းထားတဲ့ သံဓာတ်တေွလည်းသုံးစွဲလို့ကုန်နေပြီဖြစ်လို့ ဒီအချိန်မှာ မလုံလောက်တော့ပါဘူး။
နောက်ပြီး ဒီအချိန်မှာ ပုံမှန်ကြီးထွားဖို့အတွက် ဗီတာမင်အေလည်း လိုအပ်ပါတယ်။ အခြားဗီတာမင်အမျိုးမျိုးလည်း လိုအပ်နေချိန်ဖြစ်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တေွှပည့်ဝစေဖို့ မေမေတို့က ဘေဘီလေးတေွရဲ့ အစားအစာတေွကို သေချာစီမံကျေွးမေွးသင့်ပါတယ်နော်။
(အာဟာရဆရာဝန်ကြီး ဒေါက်တာလှကြည်ရေးသားသည့် ရင်သေွးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှကောက်နုတ်ချက်)
Ref;HM (ကျားလေး)