စျေး မီဒီယာ
အခြား

ကလေးငယ်များအတွက် သင်ကြားမှုစနစ်အကြောင်း

Posted by San Su Kyi Naing November 22, 2017
W4ygtq7ladxyjpnwdgru


မေွးကင်းစကနေ (၅)နှစ်အရွယ် ကလေးငယ်တေွအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုသင်တန်းတစ်ခုဖြစ်တဲ့ Gymboree Play & Music Myanmar ရဲ့ သင်ကြားမှုနည်းစနစ်တေွအကြောင်း မေးမြန်းထားသမျှကို ဖော်ပြပေးလိုက်ပါတယ်။

Gymboree အကြောင်း တစေ့တစောင်း
****************************
Gymboree Play & Music ကို ဘယ်အချိန်က စတင်ဖွင့်လှစ်ခဲ့ပါသလဲ။

Gymboree Play & Music ကို (၁၉၇၆) ခုနှစ်ကနေစပြီး အမေရိကန်နိုင်ငံမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်းလေးဆယ်သက်တမ်းတစ်လေှျာက်လုံးမှာ ကမ္ဘာလုံးဆိုင်ရာ ရေှးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှုလောကရဲ့ထိပ်တန်းဖြစ်ပြီး အခုဆိုရင် နိုင်ငံပေါင်း (၄၀)မှာ ကျောင်းခွဲပေါင်း (၇၀၀)ကျော်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ (၂၀၁၅)ခုနှစ် ဖေဖော်ရီလက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Gymboree Play & Music မှာ ဘာတေွသင်တာလဲ၊ ဘာတေွကိုလေ့ကျင့်ပေးတာပါလဲ။

Gymboree Play & Music မှာ မေွးကင်းစမှ (၅)နှစ်ထိ ကလေးငယ်တေွကို အသက်အရွယ်အလိုက် Level တေွခွဲပြီး လှုပ်ရှားနိုင်မှုစွမ်းရည်၊ ပေါင်းသင်းဆက်ဆံရေး၊ မိမိကိုယ်ကိုယ်ယုံကြည်မှု၊ ဖန်တီးနိုင်စွမ်း အစရှိတာတေွကို ပျော်စရာကစားနည်းတေွ၊ အနုပညာဆိုင်ရာဖန်တီးမှုတေွနဲ့ လေ့ကျင့်သင်ကြားပေးပါတယ်။ Gymboree ရဲ့ Program အားလုံးက Play-based Program တေွပါ။ Gymboree ကိုစတင်တည်ထောင်သူ Joan Barnes က “ကလေးများပျော်ရွှင်စွာဆော့ကစားခြင်းဟာ အထိရောက်ဆုံး သင်ယူလေ့လာမှုနည်းလမ်းဖြစ်တယ်” ဆိုတဲ့ ယုံကြည်မှုနဲ့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဆော့ကစားခြင်းရဲ့အကျိုးကျေးဇူးတေွှဖစ်တဲ့ စိတ်ပျော်ရွှင်စေမှု၊ မိမိကိုယ်ကိုယုံကြည်မှု၊ ပေါင်းသင်းဆက်ဆံရေး၊ အပေးအယူသဘော၊ စိတ်ရှည်သည်းခံမှု၊ စုပေါင်းဆောင်ရွက်တတ်မှု စတာတေွက ကျောင်းနေရွယ်မှာသာမက ဘဝတစ်သက်တာလုံးအတွက် အထောက်အကူပြုသွားမှာပါ။

ဘယ်လိုအတန်းတေွဖွင့်လှစ်သင်ကြားပေးနေပါသလဲ။

အတန်းတေွအနေနဲ့ကတော့ Play & Learn, Music, Art, Sports, School Skills ဆိုပြီးရိှပါတယ်။ မိဘအုပ်ထိန်းသူနဲ့အတူတူတက်လို့ရတဲ့အတန်းတေွှဖစ်ပြီး ကလေးရဲ့အသက်အရွယ်ပေါ်မူတည်လို့ ကွဲပြားတဲ့သင်ကြားမှုနည်းစနစ်တေွနဲ့ လေ့ကျင့်သင်ကြားပေးပါတယ်။
Play & Learn အတန်းမှာဆိုရင် Play Set-up နဲ့ တက်ကြွလှုပ်ရှားစေတဲ့ကစားနည်းတေွကို တွဲဖက်ကစားရတာဖြစ်ပါတယ်။ တကယ့်လက်တေွ့ဘဝမှာကြုံတေွ့လာမယ့်အရာတေွကို ကြိုတင်သိရိှခံစားနိုင်အောင်မိတ်ဆက်ပေးတဲ့ သင်ထောက်ကူပစ္စည်းတေွကိုအသုံးပြုပြီး တေွးခေါ်မှုစွမ်းရည်မြင့်မားစေတဲ့ သင်ကြားမှုနည်းစနစ်တေွနဲ့ သင်ကြားပေးပါတယ်။
Music အတန်းမှာတော့ ကမ္ဘာ့နိုင်ငံနှင့်ဒေသမျိုးစုံက ရိုးရာဂီတအမျိုးအစားတေွ၊ ခေတ်ပေါ်ဂီတအမျိုးအစားတေွနဲ့ ကမ္ဘာကျော်ဂီတပညာရှင်တေွရဲ့ နာမည်ကျော်တေးသွား၊ သီချင်းတေွနဲ့ လှုပ်ရှားကခုန်ခြင်း၊ တူရိယာများကို ကိုယ်တိုင်တီးခတ်ခြင်း၊ သံစဉ်အနိမ့်အမြင့်များကို တေးကဗျာများသီဆိုခြင်းဖြင့် (တေးသွားတေွကို) မှတ်သားစေခြင်းတို့အပြင် ဘာသာစကားစွမ်းရည်၊ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်စွမ်းအားတို့ကိုပါ ဖွံံ့ဖြိုးတိုးတက်စေပါတယ်။
Art Class မှာတော့ ကလေးတေွရဲ့စိတ်ကူးထဲမှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတေွကို ရုပ်ပုံဆွဲဖော်ပြစေခြင်း၊ စုတ်တံဖြင့်သာမက နေ့စဉ်သုံးပစ္စည်းများကိုအသုံးပြုပြီး ဆေးရောင်ခြယ်ခြင်း၊ စက္ကူအတိုအစများအသုံးပြုပြီး ဖြတ်ညှပ်ကပ်ပြုလုပ်ခြင်း၊ ရုပ်ကြွများပြုလုပ်ခြင်း၊ ပုံပြင်ထဲမှဇာတ်ကောင်များကို ကိုယ်တိုင်ပြုလုပ်ဖန်တီးခြင်း၊ Blocks (အရောင်နဲ့ပုံစံစုံအတုုံးလေးများ) ဖြင့် အဆောက်အအုံများဆောက်လုပ်ကစားစေခြင်းတို့က လက်ချောင်းလေးတေွကိုသန်မာလာစေပြီး အနုပညာနဲ့ဗိသုကာစွမ်းရည် တိုးတက်လာစေပါတယ်။
Sports Class မှာတော့ အားကစားနည်းအမျိုးမျိုးရဲ့ လိုက်နာကျင့်သုံးရမယ့် သိမှတ်ဖွယ်ရာတေွကို သက်ဆိုင်ရာအားကစားကိရိယာတေွနဲ့ လေ့ကျင့်သင်ကြားပေးပါတယ်။ သေွးပူလေ့ကျင့်ခန်း၊ အသင်းအဖွဲ့အလိုက်စုပေါင်းကစားခြင်း၊ အလှည့်ကျကစားခြင်း အစရိှတဲ့လှုပ်ရှားမှုတေွက ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းလာစေရုံမက စည်းကမ်းလိုက်နာမှုအခြေခံသဘောတရားတေွကိုပါ သိရိှနားလည်လာစေပါတယ်။
School Skills Class မှာတော့ ကလေးငယ်တေွရဲ့ စိတ်ဓာတ်နဲ့အတေွးအခေါ်ပိုင်းဆိုင်ရာ တိုးတက်မှုသဘောတရားတေွကို အခြေခံပြီးရေးဆွဲထားတဲ့ သင်ခန်းစာတေွကို သင်ကြားပေးတာဖြစ်ပါတယ်။ ဇီဝဖြစ်စဉ်၊ ဓာတုဖြစ်စဉ်၊ ရူပဗေဒဖြစ်စဉ်တေွရဲ့ အခြေခံသဘောတရားတေွ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိမှတ်ဖွယ်ရာတေွ၊ သင်ခန်းစာခေါင်းစဉ်နဲ့ပတ်သက်တဲ့ Art Project တေွ၊ Alphabets (ဗျည်းအက္ခရာများ) နဲ့ပတ်သက်တဲ့ သင်ခန်းစာတေွ၊ ပုံပြင်၊ စုပေါင်းကစားနည်းတေွပါဝင်ပါတယ်။ ဒီအတန်းမှာတော့ (၂)နှစ်ခွဲနဲ့အထက်ကလေးငယ်တေွဆိုရင် မိဘကအတန်းအတူလိုက်မတက်စေဘဲ မိမိကိုယ်ကိုယ် အားကိုးတတ်လာအောင် အလေ့အကျင့်လုပ်ပေးပါတယ်။ ဒီအတန်းမှာကျင့်သားရသွားတဲ့ကလေးတေွဟာ မူကြိုကျောင်းစတက်တဲ့အခါ ကျောင်းနေပျော်သွားပြီး ကျောင်းစာတေွကိုလည်း ကောင်းမွန်စွာသင်ယူနိုင်မှာဖြစ်ပါတယ်။

မိဘတေွပါဝင်ရတဲ့ အခန်းကဏ္ဍကိုသိပါရစေ။

Gymboree မှာ ကလေးတေွအတွက်သာမက မိဘအုပ်ထိန်းသူတေွအနေနဲ့ ကလေးငယ်တေွရဲ့ ဘက်စုံဖွံ့ဖြိုးမှုအတွက် ဝိုင်းဝန်းကူညီပေးနိုင်မယ့်နည်းလမ်းတေွကို သင်ကြားပေးပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မိဘကိုယ်တိုင်မလိုက်နိုင်တဲ့အခါ အရွယ်ရောက်ပြီးသားမိသားစုဝင်တစ်ဦးဦးသော်ဖြစ်စေ၊ သူနာပြု (သို့မဟုတ်) ကလေးထိန်းနဲ့သော်ဖြစ်စေ အတန်းတက်နိုင်ပါတယ်။ ဒါပေမဲ့ မိဘကိုယ်တိုင်ပါဝင်လုပ်ဆောင်ပေးခြင်းဟာ မိဘနဲ့ကလေးငယ်ကြား တစ်သက်တာယုံကြည်မှုနှင့် ခင်မင်ရင်းနှီးမှုကိုပိုမိုရရိှစေတာဖြစ်လို့ မိဘကိုယ်တိုင်လာရောက်ပူးပေါင်းဆောင်ရွက်ဖို့ကို တိုက်တွန်းချင်ပါတယ်။

သင်ကြားမှုနည်းစနစ်တေွက ဘာကိုအခြေခံထားပါသလဲ။

သင်ကြားမှုနည်းစနစ်တေွအားလုံးက “Play” ဆိုတဲ့ “ဆော့ကစားခြင်း” ကိုအခြေခံထားပါတယ်။ ဆော့ကစားခြင်းနဲ့အတူ ဂီတကိုပေါင်းစပ်အခြေခံထားတာမို့ ခန္ဓာကိုယ်နဲ့ဦးနေှာက်ကို ဟန်ချက်ညီညီလှုပ်ရှားစေပါတယ်။ ဘေးဥပါဒ်ကင်းပြီး အရည်အသေွးပြည့်မီတဲ့ ကစားစရာတေွ၊ ဂီတတူရိယာတေွနဲ့ သင်ထောက်ကူပစ္စည်းအားလုံးကို USA ကနေ တိုက်ရိုက်တင်သွင်းထားတာပါ။ သင်ကြားမှုအပတ်စဉ်တိုင်းအတွက် ကစားကွင်းပုံစံနဲ့ Theme (သင်ခန်းစာအကြောင်းအရာ) တေွကို ပြောင်းလဲပေးတာဖြစ်လို့ တစ်ပတ်နဲ့တစ်ပတ်မတူညီတဲ့ Activity တေွကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကောင်းမွန်စွာလေ့ကျင့်ပေးထားတဲ့ Teacher တေွက ကလေးငယ်များနဲ့မိဘတေွကို ပျော်ရွှင်စွာပါဝင်ကစားရင်းသင်ယူနိုင်ဖို့ ကူညီလမ်းညွှန်ပေးကြမှာဖြစ်ပါတယ်။

ရရိှလာမယ့် အကျိုးကျေးဇူးတေွကရော

မေွးကင်းစကနေ အသက် (၆)လအထိ ကလေးတေွအတွက် အမြင်၊ အကြား၊ အထိအတေွ့နဲ့ အနံ့ခံအာရုံတေွဖွံ့ဖြိုးတိုးတက်စေပါတယ်။ အသက်(၆)လအထက် ကလေးငယ်တေွအတွက်ကတော့ အသက်အရွယ်အပိုင်းအခြားအလိုက် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေခြင်း၊ ကိုယ်ခန္ဓာအစိတ်အပိုင်းအမျိုးမျိုးကို ဟန်ချက်ညီညီလှုပ်ရှားစေနိုင်ခြင်း အစရိှတဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတေွအပြင် ဉာဏ်ရည်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတေွှဖစ်တဲ့ တီထွင်ဖန်တီးနိုင်ခြင်း၊ မှတ်ဉာဏ်အားကောင်းခြင်း၊ ဘာသာစကားနားလည်တတ်ကျွမ်းခြင်း စတဲ့အကျိုးကျေးဇူးတေွကို ရရိှစေမှာဖြစ်ပါတယ်။ ဒါ့အပြင် လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုမှာ ကစားဖော်တေွနဲ့ ထိတေွ့ဆက်ဆံရတဲ့အတွက် လူမှုဆက်ဆံရေးဆိုင်ရာစွမ်းရည်တေွ တိုးတက်လာစေပါတယ်။

Early Childhood Development (ရေှးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှု) က ဘာကြောင့်အရေးကြီးတာလဲဆိုတာလေး ပြောပြပေးပါဦး။

လေ့လာတေွ့ရိှချက်တေွအရ ကလေးငယ်တေွဟာ မေွးကင်းစအရွယ်ကတည်းကစပြီး သင်ယူလေ့လာနိုင်စွမ်းရိှတာဖြစ်လို့ ပတ်ဝန်းကျင်မှာရိှတဲ့အရာမှန်သမှျကို ကောင်းမွန်စွာမှတ်သားနိုင်ဖို့ မိဘအုပ်ထိန်းသူတေွက နည်းလမ်းမှန်ကန်စွာ လမ်းကြောင်းပေးဖို့လိုအပ်ပါတယ်။ မေွးကင်းစကနေ (၅)နှစ်အထိအသက်အပိုင်းအခြားကာလက သင်ရအလွယ်ဆုံးအရွယ်ဖြစ်ပါတယ်။ ကလေးငယ်ရဲ့အနာဂတ်မှာ ကြုံတေွ့လာရမယ့်အကောင်းအဆိုးမှန်သမှျကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ဖို့ရာ ကြိုတင်ပြင်ဆင်ပေးဖို့လိုအပ်တာကြောင့် ရေှးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးမှုအတွက်လမ်းကြောင်းပြတတ်ဖို့က အရေးကြီးရခြင်းဖြစ်ပါတယ်။


မှတ်ချက်။ ။ မေ့ရင်သေွးမဂ္ဂဇင်း မေလ ၂၀၁ရထုတ်တွင် မေွးကင်းစကနေ (၅)နှစ်အရွယ် ကလေးငယ်တေွအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုသင်တန်းတစ်ခုဖြစ်တဲ့ Gymboree Play & Music Myanmar ရဲ့ သင်ကြားမှုနည်းစနစ်တေွအကြောင်းကို မေးမြန်းထားသမျှကို ဖော်ပြပေးလိုက်ပါတယ်။

San Su Kyi Naing

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.