
တုံ့ပြန်မှု နေှာင့်နေှးခြင်း၊ တုံ့ပြန်မှု မရှိခြင်းတို့သည် ကလေးကို အားငယ်စေပြီး စိတ်ဒဏ်ရာ ရစေပါသည်။ သို့ဖြစ်၍ ကလေးငိုလှျင် အမြန်ဆုံး ကောက်ချီ၍ နှစ်သိမ့်ပေးရန် လိုအပ်သလို ကလေးက ပြုံးပြလှျင် အမြန်ပြန်၍ အပြုံးချင်း ဖလှယ်ပေးသင့်ပါသည်။
ကလေးအား ဆွဲဆောင်နိုင်သော သွင်ပြင်အမူအရာများ ပြုလုပ်ပေးပါ

ထိုကဲ့သို့ ပြုလုပ်ပေးခြင်းအားဖြင့် ကလေး၏ အာရုံစိုက်မှုကို ပိုမိုရရှိနိုင်ပြီး မိမိနှင့် အဆက်အသွယ် ပိုမိုကောင်းမွန်စေရန် အထောက်အကူပြုနိုင်ပါတယ်။ ဥပမာ- သီချင်းဆိုပြခြင်း၊ ထူးဆန်းသော အသံများ ပြုလုပ်ပေးခြင်း၊ ထူးခြားသောမျက်နှာ အသွင်အပြင် ပြုလုပ်ပေးခြင်း၊ မျက်လုံးကို မျိုးစုံ ကစားပြခြင်း စသည်တို့ ဖြစ်ကြပါသည်။
တတ်နိုင်သလောက် ကလေးနှင့် မျက်နှာချင်းဆိုင်ရန် အချိန်ပေးပါ

ဥပမာ အားဖြင့် ကလေးအား စိုနေသော အဝတ်လဲပေးနေချိန်၊ နို့တိုက်နေချိန် စသည်တို့တွင် ကလေးနှင့် မျက်နှာချင်းဆိုင်၍ စကားပြောပေးရန်၊ သီချင်းဆိုပြရန်၊ ကလေးအား ပွတ်သပ်ပေးရန်တို့သည် လွန်စွာထိရောက်သော အားပေးမှုများပင် ဖြစ်ပါသည်။ လူကြီး၏မျက်နှာသည် ကလေးအား လွန်စွာ ဆွဲဆောင်နိုင်ကြောင်း သတိပြုရန် လိုပါသည်။
Ref; ဒေါက်တာ ယုဇနစောမြင့်