Kyarlay.com

over 1 year

ကလေးကို ချော့တာလား ?? လာဘ်ထိုးတာလား ?? ခွဲခြားသိဖို့လို ..


Pnm4nedyonuwooqn2ior

ဖေဖေ၊ မေမေတို့ရေ အချို့မိဘတွေက ကလေးတွေကို အရမ်းကိုအလိုလိုက်လွန်းပါတယ်။ ကလေးတွေက မိခင်၊ ဖခင်တွေအပါအ၀င် မိမိအပေါ်မှာ ချစ်ခင်ယုယနေသူတွေရဲ့ ဂရုစိုက်မှု၊ အရေးပေးမှုတွေကို ဘယ်လိုရယူနိုင်တယ်ဆိုတာကို လေ့လာနေတတ်ကြတာပါ။ ထမင်းများများမစားဘဲနေပြလိုက်ရင် ကိုယ်လိုချင်တာကို ရတတ်တယ်လို့ ကလေးတွေရဲ့စိတ်မှာထင်မသွားအောင် မိဘတွေက ဂရုစိုက်ပေးရပါမယ်။

မိဘတွေအနေနဲ့ ကလေးကို ရွေးချယ်ခွင့်၊ လုပ်ခွင့်ကို ထိုက်သင့်သလောက်ပေးတာနဲ့တစ်ပြိုင်တည်းမှာပဲ အလိုလိုက်လွန်းခြင်း၊ စည်းကမ်းပျက်ခြင်း မဖြစ်အောင်လည်း သတိထားဖို့လိုပါတယ်။ အချို့မိဘတွေအနေနဲ့ ကလေးကိုချော့တဲ့အနေနဲ့ ဘာလုပ်ရင် ကစားစရာဝယ်ပေးမယ်ဆိုတဲ့ ကတိစကားတွေနဲ့ပြုလုပ်တတ်ကြပါတယ်။ တကယ်လည်းဝယ်ပေးပါတယ်။ အဲ့ဒီလိုအခြေအနေမျိုးက ချော့မြူတာမျိုးထက် ကလေးကို လာဘ်ထိုးတဲ့သဘောမျိုးသက်ရောက်သွားတတ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီလိုနည်းလမ်းမျိုးကို မကြာခဏအသုံးပြုတာမျိုးမဖြစ်သင့်ပါဘူး။ မိဘတွေအနေနဲ့ ကလေးကိုထိန်းကျောင်းရာမှာ အရာရာဆင်ခြင်ပြီး သတိထားဖို့တော့ လိုအပ်ပါတယ်နော်။

(အာဟာရဆရာဝန်ကြီး ဒေါက်တာလှကြည်ရေးသားသည့် ရင်သွေးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှကိုးကားပါသည်)

မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)