
တစ်နှစ်ကျော် ကလေးတေွအတွက် ကျေွးနိုင်မယ့် ဖြည့်စွက်စာလေး ပြုလုပ်ပုံလေးကို ဖော်ပြပေးမှာပါ။ ၁နှစ်အရွယ် ကလေးတေွက သွားပေါက်စ ပြုနေပီ ဖြစ်တဲ့အတွက် ကလေးစားချင်ချင် မစားချင်ချင် အာဟာရ ပြည့်စုံအောင် စိတ်ရှည်ရှည်နဲ့ ကျေွးပေးရမှာ မေမေတို့ တာဝန်ပါ။ အသက် ၁နှစ်ကျော် အရွယ်ရောက်လာပြီ ဆိုရင်တော့ အဲ့ဒီနောက်ပိုင်းမှာ ဖြည့်စွက်စာကျေွးမေွးမှုကို တစ်နေ့ကို (၂) ကြိမ်ကနေ (၃) ကြိမ်အပြင် သွားရည်စာလေးတေွပါ လုပ်ကျေွးပေးဖို့လိုပါတယ်။ ကျေွးမေွးရာမှာတော့ စားနေကြ အစားအစာတေွအပြင် ရာသီအလိုက် အစားအစာတေွကိုလည်း ကျေွးပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အရင်ကအတိုင်းနဲ့ မတူအောင် အနည်းငယ်တော့ ပြင်ဆင်ပေးဖို့ လိုပါတယ်။
ဟင်းရွက်စုံ ကြက်သားအုန်းနို့
===============
ပါ၀င်ပစ္စည်းများ-
သံလွင်ဆီ၊ ကြက်ပေါင်သား၊ အုန်းနို့ ၁ ခွက်၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ပဲထောင့်ရှည် ၊ ငရုတ်ပွ (အနီတစ်ခု၊ အစိမ်းရောင် တစ်ခု)
ပြုလုပ်ပုံ အဆင့်ဆင့်
(၁) ပဲသီးနဲ့ ငရုတ်ပွများကို အနေတော် အတုံးလေးတေွ တုံးရပါမယ်။
(၂) ကြက်သားကို လည်း အတုံးသေးသေးလေးဖြစ်အောင် တုံးထားပါ။
(၃) ဒယ်အိုးထဲသို့ သံလွင်ဆီ အနည်းငယ် ထည့်ပြီးကြက်သွန်ဖြူ ဆီသတ်ကာ ကြက်သား ကို ချက်ပေးရပါမယ်။
(၄) ကြက်သား အနည်းငယ် ကျတ်ပြီဆို ဆားအနည်းငယ်၊ နနွင်းမှုန့် ထည့်ပြီး လှီးထားသော အသီးများ ရောထည့်ရပါမယ်။
(၅) အိုးထဲသို့ အုန်းနို့ရောထည့်ပြီး မီးအနေတော်ဖြင့် ၁၅ မိနစ်ခန့် တည်ထားပါ။
(၆) အရွက်များ နူးအိလာပြီဆို မီးပိတ်ပြီး အအေးခံကာ ၁ နှစ်အထက် ကလေးများအတွက် ဖြည့်စွက်စာ သီးရွက်စုံအုန်းနို့ ကြက်သာ လေးရရှိပါပြီ။
Ref;buona
#NW