Kyarlay.com

over 1 year

အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုမယ့် သီးစုံကြက်သားပြုတ်ရည် ..


Nrpxn8byuuh28kl7imgb

မေမေတို့ရေ ဒီတစ်ခါမှာတော့ သားသားမီးမီးတို့အတွက် သီးစုံကြက်သားပြုတ်ရည် ဖြည့်စွက်စာပြင်ဆင်နည်းလေးကို မျှဝေပေးမယ်နော်။

ပါဝင်ပစ္စည်းများ ..
- ပဲနီလေး
- မုန်လာဥနီ
- ရွှေဖရုံသီး
- အာလူး
- ကြက်ဥ
- ကြက်သား
- ကြက်သွန်ဖြူ

ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာ မုန်လာဥနီ၊ ရွှေဖရုံသီး၊ အာလူးတို့ကို အနေတော်အတုံးလေးတွေ တုံးရပါမယ်။
- ပြီးရင်တော့ အိုးထဲကိုရေထည့်ပြီး သီးစုံကို ရေဆေးအိုးထဲမှာပြုတ်ရပါမယ်။
- အသီးတွေထည့်ပြုတ်ထားစဉ်မှာ အခြားအိုးတစ်လုံးထဲကို ကြက်သားထည့် ကြက်သွန်ဖြူဓားပြားရိုက်ထည့်ပြီး ပြုတ်ထားရပါမယ်။
- သီးစုံလေးတွေနူးလာပြီဆိုရင်တော့ အိုးထဲကို ပဲနီလေးထပ်ထည့်ပြီးပြုတ်ရပါမယ်။
- ပဲတွေနူးလာပြီဆိုရင်တော့ ကြက်ဥတစ်လုံးကိုထပ်ပြီးဖောက်ထည့်ရပါမယ်။
- ရေထပ်ဆူအောင်အနည်းငယ်ပြုတ်ပြီး ရေခမ်းသွားပြီဆိုရင်တော့ အိုးကိုမီးဖိုပေးကနေ ချထားရပါမယ်။
- ပြီးရင်တော့ အအေးခံပြီး blender ထဲမှာထည့်ကျိတ်ပေးရပါမယ်။
- ကြက်သားအိုးကလည်း ကြက်သားနူးအိပြီး ပြုတ်ရည်တွေထွက်လာပြီဆိုတာနဲ့ မီးဖိုပေါ်ကချလို့ရပါမယ်။
- ပြီးရင်တော့ သီးစုံကျိတ်ထားတာတွေကို ပန်းကန်လုံးလေးထဲထည့် အပေါ်က ကြက်ပြုတ်ရည်လေးဆမ်းပြီး ဘေဘီလေးတွေကို အရသာရှိရှိကျွေးမွေးနိုင်ပြီဖြစ်ပါတယ်။
- တစ်နှစ်အထက်ကလေးတွေကိုကျွေးမယ်ဆိုရင်တော့ ကြက်သားပြုတ်ဖတ်လေးတွေကို နွှင်ပြီး ထည့်ကျွေးလို့လည်းရပါတယ်နော်။

(မေ့ရင်သွေးမဂ္ဂဇင်းမှ ကောက်နုတ်ချက်)

မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)