Kyarlay.com

over 1 year

သားသားမီးမီးတို့အတွက် အာလူးပြောင်းဖူးထမင်း ဖြည့်စွက်စာ ..


Iwfspga9wq0iuhaatnu3

မေမေတို့ရေ ဒီကနေ့မှာတော့ ဘေဘီလေးတွေအတွက် အာလူးပြောင်းဖူးထမင်းဖြည့်စွက်စာလေးကို ပြင်ဆင်ပေးမယ်နော်။ အရသာလည်းရှိတယ်ဆိုတော့ သားသားမီးမီးတို့ အကြိုက်တွေ့မှာ အသေအချာပါပဲနော်။

ပါဝင်ပစ္စည်းများ ..
- အာလူး ... ၁ လုံး
- ပြောင်းဖူး(သကြားပြောင်း) ... ၁ ဖူး
- ဆန် (ချက်ပြီးသား) ... ပန်းကန်လုံး ၁ လုံး

ပြင်ဆင်ပြုလုပ်နည်း ...
- ဦးစွာ ချက်ထားတဲ့ဆန်ကို အိုးထဲမှာထည့်ပြီး ပြုတ်ပေးရပါမယ်။
- အာလူးကိုရေဆေး အနေတော်တုံးလေးများတုံးထားပါ။ ပြောင်းဖူးကို ရေစင်အောင်ဆေးပြီး ခြွေထားပါ။
- ခြွေထားတဲ့ပြောင်းဖူးနဲ့ တုံးထားတဲ့အာလူးတွေကို blender ထဲမှာထည့်မွှေရပါမယ်။
- ပြီးရင်တော့ ဆန်ပြုတ်ထဲကို blender ထဲက မွှေထားတာတွေကို ထည့်လိုက်ပါ။
- အိုးထဲကို သံလွင်ဆီလက်ဖက်စားဇွန်း တစ်ဝက်နဲ့၊ ဆားအနည်းငယ်ထည့်ပေးပါ။
- ၁၀ မိနစ်ခန့်ကြာအောင် ချက်ပြုတ်ပြီး ဆန်အနှစ်ပျစ်ပျစ်လေးရပြီဆိုရင်တော့ အအေးခံကာ ဘေဘီလေးတွေကို ကျွေးမွေးလို့ရပါပြီနော် ..

(မေ့ရင်သွေးမဂ္ဂဇင်းမှကောက်နုတ်ချက်)

မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)