Kyarlay.com

over 1 year

ကိုယ်ဝန်ဆောင်မိခင်နှင့် ဗီတာမင် အေ လွန်ကဲခြင်း


Plosunvl3gvxvewwoutm

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်နုစဉ်ကာလအတွင်း အာဟာရချို့တဲ့မှုကြောင့် သန္ဓေသားရဲ့ကြီးထွားမှုကို ထိခိုက်နိုင်သလို အာဟာရလွန်ကဲမှုဟာလည်း သန္ဓေသားရဲ့ကြီးထွားမှုကို အန္တရာယ်ပြုနိုင်ပါတယ်။ အထူးသဖြင့်တော့ ဗီတာမင်အေ လွန်ကဲမှုကြောင့် သန္ဓေသားရဲ့ကြီးထားမှုကို ထိခိုက်စေနိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကနေ အသက် ၆ လမှ ၁၁ လအရွယ်ရင်သွေးငယ်တွေကို တိုက်ကျွေးနေတဲ့ ယူနစ်တစ်သိန်းအားအင်အားပြည့်ဗီတာမင်အေဆေးလုံး (အပြာရောင်) နဲ့ အသက်တစ်နှစ်ကနေ ၅ နှစ်အထိကလေးငယ်တွေကို တိုက်ကျွေးတဲ့ ဗီတာမင်အေဆေးလုံး (အနီရောင်) တွေကို ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မသောက်သုံးသင့်ပါဘူး။

ကိုယ်ဝန်ဆောင်တစ်ဦးအနေနဲ့ တစ်နေ့ကို ဗီတာမင်အေ ပျမ်းမျှယူနစ် ၂၅၄၀ ခန့်သာစားသုံးသင့်ပါတယ်။ အများဆုံးယူနစ်ကတော့ ၁၀၀၀၀ ထက်မပိုဖို့အတွက် ဂရုပြုရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တစ်ဦးအနေနဲ့ အာဟာရဓာတ်ကို လွန်ကဲမှုမရှိစေဖို့ဂရုပြုရသလို အာဟာရဓာတ်ပြည့်ဝစေဖို့ကိုလည်း ဂရုပြုရမှာပါ။ အဲ့ဒါမှလည်း ကျန်းမာတဲ့ သန္ဓေသားလေးကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်နော်။

(အာဟာရဆရာဝန်ကြီးဒေါက်တာလှကြည်ရေးသားသည့် ရင်သွေးငယ်အာဟာရ သန္ဓေသားမှစ စာအုပ်မှကောက်နုတ်ချက်)

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)