
ပေါင် ၂၀ အောက် ကလေးငယ်တေွအတွက် ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ကလေး ၂ နှစ်လောက်အထိ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ကလေးက အသက် ၁၀ လမှာ ပေါင် ၃၀ ဖြစ်နေရင်လည်း နောက်လှည့်ထိုင်ခုံပဲ သုံးသင့်ပါတယ်။ ကလေးထိုင်ခုံ သုံးမျိုးထဲမှာ အန္တရာယ် အကင်းဆုံး ပုံစံ ဖြစ်ပါတယ်။ ကလေး သေးသေးလေးတေွ အတွက် လည်ပင်းနဲ့ ကျောရိုး ဒဏ်ရာမရအောင် အထူး ကာကွယ်ပေး နိုင်ပါတယ်။
ကလေးထိုင်ခုံကို ကားနောက်ခုံမှာ တပ်ဆင်ရပါမယ်။ ရေှ့ခုံမှာဆိုရင် လေအိတ်ရှိနေတဲ့အတွက် အဆင်မပြေပါဘူး။ မတော်တဆကြောင့် လေအိတ်ပွင့်လာခဲ့ရင် ကလေးရဲ့ ဦးခေါင်းကို ဒဏ်ရာရစေပါတယ်။ ကလေးရဲ့ အသက်အရွယ်နဲ့ ခန္ဓာကိုယ် အရွယ်အစားပေါ် မူတည်ပြီး ထိုင်ခုံ ကျောမှီ ထောင့်ချိုးကို ချိန်ဆရပါတယ်။
ကလေးက သေးငယ်လွန်းရင် ထိုင်ခုံထဲ ပျော့ခေွလျော့ကျ မနေအောင် စောင်ခေါက်လေးတေွ၊ မျက်နှာသုတ်ပဝါလေးတေွနဲ့ ဘေးဘက်မှာ ခုပေးထားနိုင်ပါတယ်။ ကလေးရဲ့ ကျောဘတ်နဲ့ တင်ပါးအောက်မှာတော့ အခုအခံ မထည့်ရပါဘူး။ စောင်ခြုံပေးချင်ရင် သိုင်းကြိူးအပေါ်ကနေ လွှားခြုံပေးပါ။ ပေါင်ခွ သိုင်းကြိုးကြောင့် ပွန်းမှာစိုးရင် အနှီး ဒါမှမဟုတ် Diaper ခံပေးထား နိုင်ပါတယ်။
ref;ဒေါက်တာမေမွန်