
လူကြီးရဲ့ ခန္ဓာကိုယ်အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ ထိုင်ခုံခါးပတ်တေွက ကလေးကို ယာဉ်မတော်တဆမှူတေွကနေ အကာအကွယ် မပေးနိုင်ပါဘူး။ ကလေးကိုပါ လူကြီးနဲ့အတူ ထိုင်ခုံ ခါးပတ်ထဲရောပြီး သိုင်းပတ်ထားတာလည်း အရမ်း အန္တာရာယ် များပါတယ်။ ယဉ်တိုက်မှု ဖြစ်တဲ့အခါ လူကြီးရဲ့ ခန္ဓာကိုယ်နဲ့ ကလေးကို ဖိမိနိုင်ပါတယ်။
လူကြီးထိုင်ခုံ ခါးပတ်နဲ့ မတော်မီ စပ်ကြားကာလမှာ ကလေးတေွအတွက် ကလေးထိုင်ခုံ သုံးရပါမယ်။ အထူးသဖြင့် အသက် ၄ နှစ်အောက် ကလေးတေွကို ကလေးထိုင်ခုံ မပါဘဲ ကားပေါ် မခေါ်သင့်ပါတယ်။ ကားစီးဖို့ ကလေးခုံ ၀ယ်ခါနီးရင် ဘယ်လို အမျိုးအစား ၀ယ်ရမလဲဆိုတာ မိဘတိုင်း ဇဝေဇဝါ ဖြစ်လေ့ ရှိပါတယ်။ ကလေးရဲ့ ကိုယ်အချိန်၊ အရပ်အမြင့်နဲ့ အသက်အရွယ်ပေါ် မူတည်ပြီး ထိုင်ခုံ အမျိုးအစားကို ဆုံဖြတ်ရပါတယ်။
- နောက်လှည့်ထိုင်ခုံ ( Rear Facing Seat)
- ရေှ့လှည့်ထိုင်ခုံ (Forward Facing Seat)
- အောက်ခု ထိုင်ခုံ (Booster Seat) ဆိုပြီး ၃ မျိုး ရှိပါတယ်။
တချို့ ထိုင်ခုံတေွက တစ်ခုံဝယ်ရုံနဲ့ ၃ မျိုးလုံး ပြောင်းနိုင်တဲ့ ( 3 in 1 Seat) ဆိုပြီး လာပါတယ်။
Ref; ဒေါက်တာမေမွန်