စျေး မီဒီယာ
အခြား

၂ နှစ်အထက် ဘေဘီလေးတေွအတွက် အာလူးကတ်တလစ်ပြုလုပ်နည်း ..

Posted by Harry May 2, 2018
Mqoxyc59ilu6hfjl31wd

မေမေတို့ရေ ဒီနေ့မှာတော့ ဘေဘီလေးတေွ အာဟာရပြည့်ဝပြီး စားလို့လည်း ခံတွင်းမြိန်စေမယ့် အာလူးကတ်တလစ်ပြုလုပ်နည်းလေးကို ဖော်ပြပေးမယ်နော်။

ပါ၀င်ပစ္စည်းများ ..
- အာလူး ... ၃ လုံး
- ကြက်သွန်နီ ... ၁ လုံး
- ငရုတ်ကောင်း ... အနည်းငယ်
- ဆား ... အနည်းငယ်
- ယိုးဒယားမယ်
- ကော်မှုန့်

ပြုလုပ်ပုံအဆင့်ဆင့် ...
- ဦးစွာ အာလူးကိုပြုတ်ပြီးထောင်းရပါမယ်။ ကြက်သွန်နီတစ်လုံးကို နုတ်နုတ်စဉ်းပြီး ထည့်ရပါမယ်။
- ပြီးရင်တော့ အာလူးနဲ့ ကြက်သွန်နီကိုရောထောင်းရပါမယ်။ ထောင်းတဲ့အချိန်မှာ ငရုတ်ကောင်းအနည်းငယ်နဲ့ ဆားအနညး်ငယ် ထည့်ပါမယ်။
- အားလုံးထောင်းပြီးရင်တော့ ယိုးဒယားမယ်နဲ့ ပြန်လုံးရပါမယ်။
- အာလူးလေးတေွကိုတော့ ကလေးတေွစားဖို့အတွက် အရွယ်တော်အလုံးလေးတေွ လုံးရမှာဖြစ်ပါတယ်။
- ပုံစံလှလှလေးတေွတီထွင်ပြီးတော့လည်း ကလေးတေွစားချင်လာအောင် ပြင်ဆင်ပေးနိုင်ပါတယ်။
- လုံးပြီးပြီဆိုရင်တော့ ကော်မှုန့်အနည်းငယ်အရည်ဖျော်ထားတာလေးနဲ့ အနည်းငယ်စီသုတ်ပြီး ဆီအိုးမှာထည့်ကြော်နိုင်ပါပြီနော်။
- ကြော်ပြီးရင်တော့ ကလေးကိုမကျေွးမီမှာ ဆီကိုသေချာစင်အောင်စစ်ပြီး ဆီစုပ်ပြီးမှသာ ကျေွးသင့်ပါတယ်နော်။

(အသက် ၂ နှစ်အထက်ရင်သေွးငယ်များအတွက်)
မေ့ရင်သေွးမဂ္ဂဇင်းမှကောက်နုတ်ချက်

မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.