Kyarlay.com

over 1 year

ဘေဘီတို့အတွက် ကြက်သားပဲနီလေး သီးစုံ ချက်ပြုတ်နည်း ..


Xylld8ncnntdb2jpzqrv

မေမေတို့ရေ ဒီနေ့မှာတော့ သားသားမီးမီးတို့အတွက် ကြက်သားပဲနီလေးသီးစုံဟင်းလျာလေးကို ချက်ပြုတ်ကျွေးလိုက်ရအောင်နော်။

ပါဝင်သောပစ္စည်းများ ..
- ကြက်သား
- ကြက်သွေး
- ပြောင်းဖူး (baby corn)
- မုန်လာဥနီ
- ပဲနီလေး
- အာလူး

ပြုလုပ်ပုံအဆင့်ဆင့် ...
- ဦးစွာ ကြက်သားအနည်းငယ်ကို ပြုတ်ရပါမယ်။
- ကြက်ပြုတ်ထားတဲ့အိုးထဲကို ပဲနီလေးအနည်းငယ်ထပ်ထည့်ပြီး ပြုတ်ရပါမယ်
- ကြက်သွန်ဖြူ ၃ မွှာလောက်ထည့်ပါ။ (ကလေးလေကြေစေဖို့ ကြက်သွန်ဖြူထည့်တာဖြစ်ပါတယ်)
- မုန်လာဥနီလက်တစ်ဆစ်လောက်ကို လှီးဖြတ်ပြီးထည့်ပါ။
- ပြောင်းဖူး (baby corn) အနည်းငယ်ထည့်ပါ။
- ကြက်သွေးကိုတော့ အတုံးသေးသေးလေးတွေတုံးပြီး ထည့်ရပါမယ်။
- ဆားအနည်းငယ်ထည့်နိုင်ပါတယ်။
- ချက်ထားတဲ့ ထမင်းအနည်းငယ်ထည့်ပါ။
- အားလုံးထည့်ပြီးရင်တော့ ရေခမ်းပြီးပျစ်တဲ့အထိ ကျိုပေးရပါမယ်။
- အသားနဲ့ထည့်ထားတာတွေ နူးအိနေပြီး ရေခမ်းပျစ်သွားပြီဆိုရင်တော့ အအေးခံပြီး ကလေးကိုကျွေးလို့ရပါပြီနော်။

(အသက်၂ နှစ်အထက် ကလေးငယ်များအတွက်)
မေ့ရင်သွေးမဂ္ဂဇင်းမှ ကောက်နုတ်ချက်)

မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)