ရေအိုးများ ရေစီးရေလာမကောင်းသော ရေမြောင်းများ၊
ရေအိုင်များတွင် ကျူးလက််စ် (Culex) အမျိုးအနွယ်ခြင်များ အလွန်ပေါက်ဖွားကြပါသည်။
ရေမြောင်း နံဘေးတွင် ဖြတ်သန်းသွားလာ နေထိုင်သော ငှက်ကလေးများလည်း ရှိပေသည်။
ထိုခြင်တို့ နှင့် ငှက်ကလေးတို့ တေွ့ထိမှုသည် ဂျပန်ဦးနေှာက်ရောင်ရောဂါ ကို ဖမ်းတီးပေးလိုက်ခြင်း ဖြစ်သည်။
ထိုရောဂါကို ဖြစ်စေသော ခြင်များသည် လယ်ကွင်းစက်မှ ငှက်ကလေးများ၊ ၀က်ကလေးများ အိမ်မေွးတိရိစ္ဆာန်များကို
ကိုက်ထားသသောခြင်က၊ လူကို ကိုက်လိုက်သောအခါ လူတွင် ရောဂါဖြစ်လာပါတော့သည်။
ဂျပန် ဦးနေှာက်ရောင် ရောဂါ သည် နောက်တစ်ဦးထံသို့ ကူးစက်နိုင်ခြင်း မရှိပေ။
ရောဂါဖြစ်ပွားသူများအနက် (၂၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်း သေဆုံးနိုင်ပြီး၊
အသက်ရှင်ကျန်ရစ်သူများ အနက် (၃၀) ရာခိုင်နှုန်းခန့်သည် ကိုယ်လက် မသန်စွမ်းခြင်း၊ နားလေးခြင်း၊ မကြာခဏတတ်ခြင်း၊
စကားမပြောနိုင်ခြင်း နှင့် အခြား စိတ်ပိုင်းဆိုင်ရာ နှင့် အပြုအမှု ဆိုင်ရာချို့ယွင်းမှုများ ဖြစ်ပွားပြီး ရှင်လျက် နှင့် ဘဝဆုံးကြရှာပါသည်။
ဂျပန်ဦးနေှာက်ရောင်ရောဂါ ဖြစ်ပွားလေ့ရှိသော နေရာများမှာ အရေှ့တောင်အာရှနှင့် အနောက် ပစိဖိတ် ဒေသများရှိ နိုင်ငံများဖြစ်ပါသည်။
နှစ်စဉ် ရောဂါ ဖြစ်ပွားသူ ခြောက်သောင်းကျော်ခန့် ရှိပြီး သေဆုံးသူ ဦးရေ နှစ်သောင်းဝန်းကျင်ခန့် ရှိိပါသည်။
ရောဂါဖြစ်နှုန်း မများလှသော်လည်း သေဆုံးနှုန်းများသော ရောဂါပင်ဖြစ်ပါသည်။
မြန်မာနိုင်ငံ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် အဖြစ်များပြီး၊ မိုးရာသီတွင် အများဆုံး ဖြစ်ပွား တတ်ပါသည်။
ကျေးလက်ဒေသနေ လူထုများ၊ ဆန်စပါးစိုက်ပျိုးသော ဒေသရှိ လူများတွင် အန္တရာယ် အရှိဆုံးဖြစ်ပါသည်။ အသက်အရွယ်မရေွး ရောဂါဖြစ်ပွား နိုင်ပါသည်။
အသက် (၁၅ နှစ်အောက် ကလေးများတွင် အများဆုံး တေွ့ရှိရတတ်ပါသည်။
ရောဂါလက္ခဏာများမှာ
• ရုတ်တရက် အပြင်းဖျားခြင်း
• ချမ်းတုန်ခြင်း
• မောပန်းနွမ်းနယ်ခြင်း
• ပျို့ခြင်း၊ အန်ခြင်း
ရောဂါ အခြေအနေဆိုးလာသောအခါ
• စိတ်ရှုပ်ထေွးတေွဝေခြင်း၊
• တတ်ခြင်း၊
• အကြောဆွဲခြင်း
• သတိလစ်မေ့မြောခြင်း
• အသက်ဆုံးခြင်း အထိဖြစ်ပွားနိုင်ပါသည်။
ရောဂါဖြစ်ပြီဆိုလှျင် အဓိက ကုုသရန် ဆေးမရှိဘဲ ကိုယ်ပူကျရန်၊ တတ်ခြင်းကျရန် စသည့် ပံ့ပိုးမှုများသာ ပြုလုပ်နိုင်ပါသည်။
အသက်ဆုံးရှုံးနှုန်းလည်း များလာသည့်အပြင်၊ အသက်မဆုံးရံှုးလှျင်လည်း လူဖြစ်ကျိုးရံှုးရပြန်ပါသည်။
ခြင်အန္တရာယ် နှိမ်နှင်းခြင်းဖြင့်လည်း ရောဂါကို ကာကွယ်နိုင်ပါသည်။
“ ကာကွယ်ဆေးထိုးနှံခြင်း ” သည်ကား အကောင်းဆုံး ကာကွယ်ခြင်းပင် ဖြစ်ပါသည်။
၀က်မေွးမြူရေး ထိန်းချုပ်ခြင်း ခြင်ကိုက်မခံခြင်း စသည်တို့ဖြင့်လည်း ကာကွယ်နိုင်ပါသည်။
ရောဂါ မဖြစ်စေရန် ကာကွယ်ခြင်းသည် ရောဂါဖြစ်မှ ကုသခြင်းထက် ပို၍ အကျိုးရှိသည် မဟုတ်ပါလော။
ထိုဂျပန် ဦးနေှာက်ရောင်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ အစပြု၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် (၉)လအရွယ် ကလေးငယ်များတွင် ထည့်သွင်းထိုးနှံသွားမည်ဖြစ်ပါသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းလုံး ဂျပန် ဦးနေှာက်ရောင်ရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း လုပ်ငန်းကို နိုင်ငံတစ်ဝန်းလုံးတွင်
၂၀၁ရခုနှစ် နိုဝင်ဘာလတွင် ကျောင်းအခြေပြုကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ် (၂၀၁ရ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့မှ (၂၃) ရက်နေ့ အထိ)
၂၀၁ရ ခုနှစ် ဒီဇင်ဘာလတွင် ပြည်သူလူထု အခြေပြု ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ် (၂၀၁ရ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ)
အသက် (၉)လမှ (၁၅) နှစ် အတွင်းရှိကလေး စုစုပေါင်း (၁၄)သန်းခန့်ကို ထိုးနှံပေးသွားမည်ဖြစ်ပါသည်။
သွားလာရန် ခက်ခဲသည့် ဝေးလံသော ဒေသများ၊ နယ်စပ်ဒေသရှိကျေရွာများသို့လည်း အထက်ပါ အစီအစဉ် အတို်င်း တစ်ပြိုင်နက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ထိုကာကွယ်ဆေး ထိုးပြီးသား ဖြစ်သူများသည် ထပ်ထိုးရန် လိုပါမည်လားဟူသော မေးခွန်းကို ယခုမေးနေကြပါသည်။
“ ထပ်ထိုးပါ ” ဟူ၍ ဖြေရပါမည်။ လွန်စွာ နီးကပ်သောအချိန်က ထိုးထားသည်မှာ အပ ထပ်၍ ထိုးရပါမည်။ ထပ်၍ထိုးသောကြောင့် အန္တရာယ် မရှိပါ။
ရောဂါကာကွယ်နိုင်နှုန်း ပို၍ တိုးလာမည်သာ ဖြစ်ပါသည်။ သို့ဖြစ်၍ ကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊ မထိုးဘူးသည်ဖြစ်စေ၊
ဂျပန်ဦးနေှာက်ရောင် ရောဂါ ဖြစ်ဖူးသည် ဖြစ်စေ မဖြစ်ဘူးသည်ဖြစ်စေ၊
အသက် (၉)လမှ (၁၅) နှစ်အတွင်း တစ်နိုင်ငံလုံးရှိ ကလေးသူငယ်များအားလုံး ထိုုးနှံကြရမည်ဖြစ်ပါသည်။
“ ဂျပန်ဦးနေှာက်ရောင်ရောဂါ ကာကွယ်ဆေး ကလေးများအားလုံးထိုးနှံပေး ”
မှတ်ချက် ။ ။ မေ့ရင်သေွး မဂ္ဂဇင်း နိုဝင်ဘာလ 2017 ထုတ်တွင် ဒေါက်တာ ယုဇနစောမြင့်၏ လယ်ကွင်းနံဘေး အလွမ်းတေးများ မနေှးကာကွယ်ပါ ဆောင်းပါး မှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။
San Su Kyi Naing