Kyarlay.com

over 1 year

မေမေတို့သတိပြုမိစေဖို့ .. လက်ကိုဘာကြောင့်စင်ကြယ်အောင်ဆေးသင့်သလဲ???


Rnjguyupiddbb8vin8yr

မေမေတို့ရေ လက်မှာကပ်ပါလာနိုင်တဲ့ မစင်အညစ်အကြေးအနည်းငယ် (တစ်ဂရမ်) မှာတောင် လူတွေကိုရောဂါဖြစ်ပြီးသေစေနိုင်တဲ့ ဗိုင်းရပ်စ်ရောဂါပိုး (၁၀) သန်းခန့်၊ ဘက်တီးရီးယားရောဂါပိုးပေါင်း (၁) သန်းခန့်၊ ကပ်ပါးရောဂါပိုးပေါင်း (ဥပမာ-သန်ကောင်၊ ၀မ်းကိုက်ပိုး) ၁၀၀၀ ခန့်၊ ကပ်ပါးရောဂါပိုးဥပေါင်း (ဥပမာ - သန်ဥ) ၁၀၀ ခန့်ပါဝင်နေမှာဖြစ်ပါတယ်နော်။

မေမေတို့ရေ ကလေးမစင်မှာလည်း လူကြီးမစင်တွေနည်းတူ ရောဂါပိုးတွေပါဝင်နေနိုင်လို့ ဘယ်လိုအညစ်အကြေးပဲ ကိုင်တွယ်ပြီးပါစေ လက်ကိုဆပ်ပြာနဲ့ သေချာစွာဆေးကြောဖို့မမေ့ပါနဲ့နော်။ ကလေးတွေအနေနဲ့လည်း အညစ်အကြေးတွေကို ကိုင်တွယ်မှုတွေမရှိဖို့နဲ့ ကိုင်တွယ်မိတဲ့အခါမှာလည်း သတိထားစောင့်ကြည့်ပြီး သေချာဆေးကြောပေးဖို့ လိုအပ်ပါတယ်နော်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)