
အသီးအရွက် အကုန်စားနိုင်ပါတယ်။ မိခင်က စုံလင်ပြည့်ဝတဲ့ အစားအဟာရကို စားရမှာပါ။ ထမင်း၊ ဂျုံ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ အကုန်လုံး စားလို့ ရပါတယ်။ အစားမရေှာင်သင့်ပါ။ ရေှာင်ရင် ကလေးမှာ အန္တရာယ် ရှိပါတယ်။
အသီးအရွက်မှာ ဗီတာမင်ဓာတ်ပါတဲ့အတွက် အမေအတွက်ရော ကလေးအတွက်ပါ ကောင်းပါတယ်။ အသီးအရွက်စားပြီးရင် ကလေးဆီ အသီးအရွက်အတိုင်း နို့ထဲ ပါသွားတာ မဟုတ်ပါ။ အစာလမ်းကြောင်းက ချေဖျက်ပေးပြီး ခန္ဓာကိုယ်ထဲ မှာ အဆင့်ဆင့်ပြုပြင်ပြီးမှ ကလေးအတွက် အဆင်သင့်သုံးလို့ရတဲ့ အာဟာရအနေနဲ့ နို့ရည်ထဲမှာ ပါသွားတာပါ။
အသီးအရွက်စားလို့ ကလေးဗိုက်နာတယ်၊ ၀မ်းပျက်တယ်ဆိုတာ လွဲမှားတဲ့ အယူအဆပါ။ ကလေး လေမထိုး၊ ဗိုက်မနာရအောင် နို့တိုက်ပြီးတိုင်း လေထုတ်ပေးပါ။
Ref; မေးလိုရာမေး မေ့ရင်သေွး (ဒေါက်တာမြသီတာ )