မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးအတွက် နွားနို့ကို နေ့တိုင်းမှန်မှန်သောက်သင့်ပါတယ်နော်။ နောက်ပြီး ကိုယ်ဝန်ဆောင်ကာလ ကြာကြာရပ်တဲ့အခါမျိုးမှာ ကြာကြာထိုင်နေတဲ့အခါမျိုးတွေနဲ့ ပက်လက်အိပ်တဲ့အခါမျိုးတွေမှာ သန္ဓေသားက ခြေထောက်ကလာတဲ့သွေးပြန်ကြောတွေကို ဖိထားတဲ့အတွက် ခြေသလုံးမှာသွေးလှည့်ပတ်မှုမကောင်းဘဲ သွေးကျတတ်ပါတယ်နော်။
မေမေတိုကရေတစ်ခါတစ်ရံမှာတော့ ခြေထောက်လေးတွေပါရောင်တာမျိုးတွေ ရှိတတ်ပါတယ်။ သွေးလှည့်ပတ်မှုမကောင်းတာကြောင့် သွေးသန့်တွေမဝင်နိုင်ဘဲ အိုင်နေတတ်ပါတယ်နော်။ အဲ့ဒီလိုအခါမျိုးမှာ မေမေတို့တွေကြွက်တက်တာတွေလည်း ဖြစ်တတ်ပါတယ်နော်။ ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ အချိန်ကြာကြာရပ်နေတာ၊ ထိုင်နေတာ၊ ပက်လက်နေတာမျိုးတွေကို မပြုလုပ်ဘဲ လမ်းလေးမကြာခဏလျှောက်ပေးတာမျိုး သွေးလည်ပတ်မှုကောင်းစေမယ့် ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းပြုလုပ်ပေးတာမျိုးတွေကို ဆောင်ရွက်ပြီး နေ့တိုင်းနွားနို့မှန်မှန်သောက်ပေးဖို့ကိုလည်း ကျားလေးကတိုက်တွန်းအကြံပြုလိုက်ပါတယ်နော်။
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး