Kyarlay.com

over 1 year

နေအပူဒဏ်နဲ့ ကလေးတွေရဲ့ကျန်းမာရေး ..


Uik6ckfwdmlw5xokksh5

မေမေတို့ရေ အခုလိုအပူပြင်းနေတဲ့အချိန်မှာ ကလေးတွေအပြင်ထွက်ပြီး ဆော့ကစားတတ်ာမျိုးအတွက် ဂရုစိုက်သင့်ပါတယ်။ အပူပြင်းတဲ့နေရာမှာကလေးတွေဆော့ကစားနေတယ်ဆိုရင် နုံးခွေလာတတ်တာတွေဖြစ်စေပါတယ်။ အပူကိုစုပ်ယူုမှုများပြီး ချွေးထွက်များလာတတ်ပါတယ်။ အပူကြီးတတ်တာ၊ ခေါင်းကိုက်တာမျိုးတွေဖြစ်တတ်ပါတယ်။ လူကြီးတွေက ဝေဒနာကို သိပေမယ့်ကလေးတွေကတော့ ခံစားရတဲ့အခြေအတွေကို မပြောပြတတ်ရင် လူကြီးတွေကလည်း သတိမထားမိရင် ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

အဲ့ဒါကြောင့်လည်း ပူပြင်းတဲ့အခုလိုအချိန်မျိုးမှာ ကလေးတွေနေပူထဲမထွက်မိစေဖို့ ဂရုစိုက်ပေးရပါမယ်။ နောက်တစ်ခုပူပြင်းချိန်မှာ ရေရှားပါးပြီး မသန့်ရှင်းတဲ့ရေတွေကြောင့် ကလေးတွေမှာ ၀မ်းပျက်ဝမ်းလျှောတွေဖြစ်တတ်လို့လည်း မိဘတွေက ဂရုစိုက်ပေးရပါမယ်။ အစားအစာတွေကိုမစားမီမှာ လက်ကိုစင်အောင်ဆေးကြောဖို့၊ ရေမှန်မှန်ချိုးဖို့တွေကိုလည်း ဂရုစိုက်ပေးသင့်ပါတယ်နော်။

ရာသီဥတုအရမ်းပူနေတာမို့ အစားအသောက်ကအစ ဂရုစိုက်ကျွေးသင့်ပါတယ်။ ရိုးရိုးရေပဲ တိုက်ပါ။ ရေခဲရေသောက်တာ များရင်လည်း အပူဖုတွေ ထွက်လာတတ်ပါတယ်။ အသီးဖျော်ရည်လေးတွေ များများတိုက်ပေးသင့်ပါတယ်။ ၀မ်းမလျောအောင် ဂရုစိုက်ကျွေးမွေရပါမယ်။ ရာသီဥတုမှာ ကလေးဝမ်းသွားရင် ပိုပင်ပန်းနိုင်တာမို့ မေမေတို့ကလည်း သေချာဂရုစိုက်ပေးရပါမယ်။
Ref; မေ့ရင်သွေး