မေမေတို့ရေ ရာသီဥတုတေွကလည်း ပူလွန်းနေတော့ ဒီလိုရာသီမျိုးမှာ ဆုံးရံှုးသွားတဲ့ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးဖို့ ဓာတ်ဆားရည်သောက်ဖို့လိုပါတယ်။ လူကြီးတေွအတွက်တော့ ကိစ္စမရှိပေမယ့် ကလေးတေွကတော့ ဓာတ်ဆားရည်ဆိုရင် ခါးခါးသီးသီးငြင်းဆန်တတ်ကြပါတယ်။ အဲ့ဒါကြောင့် ကလေးတေွကို ဓာတ်ဆားရည်သောက်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့နည်းလမ်းလေးကို မှျဝေပေးမယ်နော်။
မေမေတို့ရေ ဓာတ်ဆားရည်မသောက်တဲ့ကလေးလေးကို အတင်းအကြပ်မတိုက်သင့်ပါဘူး။ အဲ့ဒါဆိုရင်ပိုပြီး မသောက်ချင်ဖြစ်သွားတတ်ပါတယ်။ ကလေးကိုချော့ပြီးနည်းနည်းစီဝင်အောင် တိုက်ပေးရပါမယ်။ အချို့မိခင်တေွက ကလေးကို မဖြစ်မနေဓာတ်ဆားတိုက်ပေးရတဲ့အခါမျိုးမှာ ကလေးသောက်အောင် အခြားအချိုရည်တစ်မျိုးမျိုးနဲ့ရောပြီးတိုက်လေ့ရှိပါတယ်။ အဲ့ဒီလိုမလုပ်သင့်ပါဘူး။ တကလေးကို ဓာတ်ရည်ချည်းဖျော်တိုက်ပြီး ဓာတ်ဆားတစ်ဇွန်းတိုက်လိုက် အခြားကလေးနှစ်သက်မယ့် နို့လေးနည်းနည်းတိုက်လိုက်ဆိုရင် သောက်လာမှာပါနော်။ ကလေးကြိုက်တဲ့မုန့်လေးတစ်မျိုးမျိုးကျေွးလိုက် ဓာတ်ဆားတိုက်လိုက်ဆိုရင်လည်း ကလေးသောက်လာတတ်ပါတယ်။
(မေ့ရင်သေွးမဂ္ဂဇင်းမှကောက်နုတ်ချက်)
Ref;HM (ကျားလေး)