Kyarlay.com

over 1 year

ရင်သွေးငယ်လေးရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်ဘယ်လိုတွေရှိမလဲ ??


Ctquuqh0xcxibn3wxgze

မေမေတို့ရေ ရင်သွေးငယ်လေးတစ်ဦးရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်အဖြစ် ဘယ်လိုတွေကြုံရမယ်ဆိုတာကို မေမေတို့က ဖတ်ရှုကြည့်နိုင်အောင် ကျားလေးကမျှဝေပေးလိုက်ပါတယ်နော်။

၆ ပတ်သားရင်သွေးငယ်လေးတွေဟာ မေမေတို့က ပြုံးပြတဲ့အခါ ပြန်လည်ပြုံးပြတတ်လာပါပြီ။ ဖေဖေ၊ မေမေတွေရဲ့ မျက်နှာလေးကိုပြန်ကြည့်ပြီး အပြုံးလေးတွေပေးတတ်လာတဲ့အရွယ်ပါပဲ။

၂ လသားအရွယ်ရောက်လာပြီဆိုရင်တော့ ဘေဘီလေးက အပြုံးတွေအများကြီးပေးတတ်နေပါပြီ။ နောက်ပြီး ခေါင်းထောင်ဖို့ကိုလည်းကြိုးစားတတ်လာပြီး အသံလာရာဘက်တေါကို လိုက်လံကြည့်နေတတ်တဲ့ အရွယ်လည်းဖြစ်ပါတယ်။

၃ လသားအရွယ်မှာတော့ ဘေဘီလေးတွေဟာ ပြုံးရွှင်ရယ်မောပြီး တက်ကြွလှုပ်ရှားတတ်နေပါပြီ။

၎ လသားအရွယ်ရောက်လာပြီဖြစ်တဲ့ ဘေဘီလေးတွေကတော့ ဦးခေါင်းကိုပိုမိုထိန်းတတ်လာပြီလည်းဖြစ်ပါတယ်။ နောက်ပြီးတစ်ဖက်နဲ့တစ်ဖက်လှိမ့်ဖို့ကြိုးစားတတ်နေပြီဖြစ်သလို လှုပ်ရှားမှုတော်တော်များများကိုလည်း ပြုလုပ်တတ်နေပြီဖြစ်ပါတယ်။

မေမေတို့ရေ တိုးတက်မှုနှုန်းတွေကတော့ ဘေဘီလေးတွေတစ်ဦးနဲ့တစ်ဦးအနည်းအကျဉ်းကွာခြားတတ်တာလေးကိုတော့ သတိပြုဖို့လိုပါတယ်နော်။

(မေ့ရင်သွေးမဂ္ဂဇင်းမှ ကောက်နုတ်ချက်)

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)