
မေမေတို့ရေ နို့ထွက်နည်းတာကြောင့် ဘေဘီလေးတွေကို နို့တိုက်ဖို့ကို နို့ဗူးကူရတယ်ဆိုတဲ့ မိခင်တွေရှိတတ်ကြပါတယ်။ မေမေတို့ရေ တကယ်လို့ မိခင်နို့ထွက်နည်းတယ်ဆိုရင် နို့ထွက်လိုက်လာစေဖို့ဆောင်ရွက်သင့်ပါတယ်။ နို့ဗူးလုံးဝမကူသင့်ပါဘူးနော်။ နို့ဗူးကူရင် ကလေးက မိခင်နို့ကိုကြိုးစားစို့ယူမှုနည်းသွားပြီး အလွယ်တကူစို့နိုင်တဲ့ နို့ဗူးနဲ့ပဲ နို့ဝတတ်ပါတယ်။ အဲ့ဒီအခါ မိခင်နို့စို့တာပိုနည်းသွားပြီး နို့ထွက်လည်းပိုနည်းသွားတတ်ပါတယ်။ မိခင်နို့ထွက်လာဖို့ အစားအစာတွေနဲ့လည်းကူနိုင်သလို ရေများများသောက်၊ ဟင်းခါးရည်များများသောက်ပေးရပါမယ်။ နောက်ပြီး ကလေးနို့စို့တာများလေ နို့ထွက်လည်းများလာလေပါပဲ။ အဲ့ဒါကြောင့် ကလေးဆာတိုင်းမိခင်နို့ကိုပဲ ဘယ်အချိန်ဖြစ်ဖြစ် တိုက်ပေးသင့်ပါတယ်နော်။
(ကလေး ၆ လအထိ မိခင်နို့တစ်မျိုးတည်းကလွဲပြီး ရေတောင်တိုက်ပေးဖို့မသင့်ပါဘူးနော်)
မေ့ရင်သွေးမဂ္ဂဇင်းမှကောက်နုတ်ချက်
မိခင်နဲ့ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး