ကလေးတို့အတွက် အရသာလဲရှိပြီး၊ အာဟာရလဲ ပြည့်ဝစေတဲ့ ဖြည့်စွက်စာတေွကို ချက်ပြုတ်ကျေွးနေရတဲ့ မေမေတို့အတွက် အချိန်လဲသက်သာ၊ပြင်ဆင်ကျေွးရတာလည်း လွယ်ကူစေတဲ့ ဖြည့်စွက်စာလေးတေွကို ဖော်ပြပေးလိုက်ပါတယ်။ ၆ လကျော်တာနဲ့ သားသားမီးမီးတို့ကို မိခင်နို့အပြင် ဖြည့်စွက်စာလည်း မဖြစ်မနေ ကျေွးသင့်ပါတယ်။ ဖြည့်စွက်စာကို ကလေးတေွ ကလေးစားချင်ချင် မစားချင်ချင် အာဟာရ ပြည့်စုံအောင် စိတ်ရှည်ရှည်နဲ့ ကျေွးပေးရမှာ မေမေတို့ တာဝန်ပါ။
ပဲထောပတ်သီး ချယ်ရီအနှစ်
===============
ပါ၀င်ပစ္စည်းများကတော့-
ချယ်ရီသီး ၆ လုံးခန့် ၊ ငှက်ပျောသီး အသေး ၁ လုံး၊ ထောပတ်သီး ၁ ခြမ်း၊ ပြောင်းဆန် အနည်းငယ်၊ coconut milk ၁ခွက်။
ပြုလုပ်နည်း အဆင့်ဆင့်-
(၁) ပြောင်းဆန်ကို ၅မိနစ်ခန့် လေှာ်ပြီး ရေအနည်းငယ်ဖြင့် ၁၅ မိနစ်ခန့် မီးအေးအေးဖြင့် ပြုတ်ပေးထား ရပါမယ်။
(၂) ၁၅ မိနစ်ခန့် ပြည့်ပါက အအေးခံပြီး ပြုတ်ထားတဲ့ ပြောင်းဆန်လေးတေွကို မေွှပေးပါ။
(၃) ပန်းကန်တစ်ခုထဲသို့ ထောပတ်သီးနဲ့ ငှက်ပျောသီး ရောခြေထားပေးရပါမယ်။
(၄) ချယ်ရီသီး များကို ပါးပါးလှီးကာ ပန်းကန်ထဲ ရောထည့် ရပါမယ်။
(၅) ခုနက ပြုတ်ထားတဲ့ ပြောင်းဆန် ၃ ဇွန်းလောက်ကို ရောထည့်ပြီး မေွှပါ။
(၆) ကြိတ်စက်ထဲလည်း ထည့်ကြိတ်၍ ရပါသည်။ ဇကာဖြင့် တိုက်လည်းရပါသည်။
(၇) coconut milk တစ်ခွက် ရောထည့် ပြီး မေွှပေးပါက စားချင်စဖွယ် ပဲထောပတ်သီး ချယ်ရီအနှစ် လေး ရရှိပါပီ။
Ref;( buonapappa) NW