မီးတွင်း (မွေးပြီး ၆ပါတ်) မှာ မမွေးခင်အခြေအနေကို ပြန်ရောက်ဖို့ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ဖြစ်နေပါတယ်။ ကလေးကိုလည်းနို့တိုက်ရတဲ့အတွက် အာဟာရပြည့်တဲ့ အစားအစာတွေ များများစားဖို့လိုပါတယ်။ သန့်ရှင်း၊ ပူနွေး လတ်ဆက်ရင် အားလုံးတည့်ပါတယ်။အစားမရှောင်သင့်ပါဘူး။ အရည်များများသောက်ဖို့လိုပါတယ်။
ကော်ဖီ၊ လ္ဘက်ရည် သောက်တာထက် နို့၊ ဟောလစ်၊ အိုဗာတင်း စတဲ့ အာဟာရဖြစ်တာတွေ သောက်သင့်ပါတယ်။
ဝမ်းမချုပ်စေဖို့ အရွက်၊ အသီး များများစားဖို့လိုပါတယ်။ ခြေသလုံးမှာသွေးခဲတတ်တဲ့အတွက် လှုပ်လှုပ်ရှားရှား သွားလာဖို့လိုအပ်ပါတယ်။
မီးတွင်းမှာ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။ မိခင်အိပ်ရေးဝရန် လိုအပ်ပါတယ်။
ကလေးအိပ်ရင် လိုက်အိပ်တတ်ရန်၊ ကလေးနိုးရင် လိုက်နိုးတတ်ရန် လိုပါတယ်။
အိမ်ထောင်နှင့်မီးတွင်းမှာ ရှောင်သင့်ပါတယ်။
မရှောင်နိုင်ရင် သားဆက်ခြားရန် အစွပ်သုံးပါ။
မီးတွင်းကာလကျော်ရင် သုံးမယ့် သားဆက်ခြားနည်းက်ု ကျွမ်းကျင်သူတွေနှင့် တိုင်ပင်ပါ။
မွေးဖွားလမ်းကြောင်းများ၊ ဗိုက်နံရံကြွက်သားများ ပြန်လည်သန်မာလာစေဖို့ လေ့ကျင့်ခန်းများ ပြန်လုပ်ပါ။
မေ့ရင်သွေး မဂ္ဂဇင်း ဖေဖော်ဝါရီလ 2017 ထုတ်တွင် မေးလိုရာမေး မေ့ရင်သွေး ကဏ္ဍ မှ ကောက်နုတ်ထားပါသည်။