
ကလေးတို့အတွက် အရသာလဲရှိပြီး၊ အာဟာရလဲ ပြည့်ဝစေတဲ့ ဖြည့်စွက်စာတေွကို ချက်ပြုတ်ကျေွးနေရတဲ့ မေမေတို့အတွက် အချိန်လဲသက်သာ၊ ပြင်ဆင်ကျေွးရတာလည်း လွယ်ကူစေတဲ့ ဖြည့်စွက်စာလေးတေွကို ဖော်ပြပေး လိုက်ပါတယ်။ ၆ လကျော်တာနဲ့ သားသားမီးမီးတို့ကို မိခင်နို့အပြင် ဖြည့်စွက်စာလည်း မဖြစ်မနေ ကျေွးသင့်ပါတယ်။ ဖြည့်စွက်စာကို ကလေးတေွ ကလေးစားချင်ချင် မစားချင်ချင် အာဟာရ ပြည့်စုံအောင် စိတ်ရှည်ရှည်နဲ့ ကျေွးပေးရမှာ မေမေတို့ တာဝန်ပါ။
ဆန်ကနေ ကစီဓါတ်ရပါတယ်။ အရွက်ကနေပြီးတော့ အမှျင်ဓါတ်နှင့် ငါးကနေပြီးတော့ အသားဓါတ်တိုု ့မှျတစွာပါ၀င်ပါတယ်။
အရွှက်စုံငါးဆန်ပြုတ်
=========
ပါ၀င်သောပစ္စည်းများ -
(၁) ငါး - လက်တဆစ် အရွယ် ၁ တုုံး
(၂ ) အားဖြည့်ဆန် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ
(၃) ဟင်းနုုနွယ်ရွက် (သိုု ့) ကန်စွန်းရွက် ၊ မုန့်ညင်းရွက်- အနည်းငယ်
ပြုလုုပ်နည်း-
(၁) ဆန်ကိုု ရေဆေးပြီး ရေဖြင့် နူးအိလာသည်အထိ တည်ထားရပါနယ်။
(၂) ထမင်းများ နူးအိပြီး ရေအနည်းငယ်ကျန်တဲ့ အချိန်မှာ အရွက်ကိုု ထည့်၍ အရွက်များ နွမ်းသွားသည်အထိ မေွှပြီး မီးဖိုုပေါ်မှချပါ။
(၃) အအေးခံပြီး ခပ်နေွးနေွးအနေမှာ ကြိတ်စက်ထဲထည့်ကြိတ်ပါ။ ထမင်းနှင့် အရွက်တခွက်ရပါပြီ။
(၄) ငါးကိုု ဘာမှမထည့်ပဲ ဒီအတိုုင်းကင် တာ (သိုု ့) ပေါင်းတာလုုပ်ပါ။ ငါးကိုုအအေးခံပြီး အရိုုးများမပါအောင် သေချာလေးခြေထားပါ။
(၅) အရိုးနွှင်ထားတဲ့ ငါးလေးတေွကို ထမင်းအပေါ်မှာ ဖြူးပြီး ကျေွးလို့ ရပါပီ။ ကလေးကိုု ထမင်းနှင့်အရွက်လေး ၃ ဇွန်းလောက်ကျေှး ငါးလေးတခါကျေးလို့လည်း ကလေးတေွ ကြိုက်တေွ့မှာ ဖြစ်ပါတယ်။
Ref;Ei San