Kyarlay.com

over 1 year

လွယ်လွယ်ကူကူပြင်ဆင်ပေးနိုင်မယ့် ကြက်ဥအာဟာရ ..


Uemkt393eocmfc6snhuq

မေမေတို့ရေ ဒီနေ့မှာတော့ သားသားမီးမီးတို့အတွက် အလွယ်ကူဆုံးပြင်ဆင်ပေးနိုင်မယ့် ကြက်ဥအာဟာရ ဖြည့်စွက်စာလေးကို ပြုလုပ်ပေးရအောင်နော်။

ပါဝင်ပစ္စည်းများ ..
- ကြက်ဥ ... ၁ လုံး (တောကြက်ဥလတ်လတ်ဆတ်ဆတ်သုံးနိုင်လျှင်ပိုကောင်းပါတယ်)
- နွားနို့ (သို့) မိခင်နို့ ... စားပွဲတင်ဇွန်း ၄ ဇွန်း (နွားနို့ကို ပွက်ပွက်ဆူအောင်ကျိုချက်ပါ။ မိခင်နို့အသုံးပြုနိုင်လျှင်ပိုကောင်းပါတယ်)

ပြင်ဆင်ပြုလုပ်နည်း ...
- ဦးစွာ ကြက်ဥကို ၁၀ မိနစ်ခန့်ပြုတ်ပါ။
- ၁၀ မိနစ်ကြာလျှင် မီးဖိုပေါ်မှချပြီး ရေအေးထဲသို့ ကြက်ဥကို ဆယ်ထည့်ပါ။
- ကြက်ဥအခွံခွာပြီး အကာများကို ဖယ်ထုတ်ကာ အနှစ်သီးသန့်ထုတ်ယူပါ။
- ကြက်ဥအနှစ်ကို ဇွန်းဖြင့်ချေပြီး နို့နှင့်ရောကာ ရင်သွေးငယ်လေးကို ပြင်ဆင်ကျွေးနိုင်ပါပြီ။
(အသက် ၉ လနှင့်အထက် ရင်သွေးငယ်များအတွက်)

မိခင်နဲ့ရင်သွေးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)