မေမေတို့ရေ မီးခိုးငေွ့၊ ကာဗွန်မိုနောက်ဆိုဒ်နဲ့ ဓာတ်ငေွ့အန္တရာယ်တေွကြောင့် ကျန်းမာရေးထိခိုက်စေမှုအကြောင်းအရာတေွကို ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ချက်လေး ထုတ်ပြန်လိုက်ပါတယ်နော်။ အဲ့ဒီလမ်းညွှန်ချက်လေးကို ကျားလေးရဲ့မေမေတို့က သားသားမီးမီးနဲ့ ဖိုးဖိုး၊ ဖွားဖွားတေွအတွက် သတိပြုပေးနိုင်စေဖို့ ကျားလေးကနေ မှျဝေပေးလိုက်ပါတယ်နော်။
မေမေတို့ရေ မီးခိုးငေွ့တေွကြောင့် ချောင်းဆိုးခြင်း၊ လည်ချောင်းယားယံခြင်း၊ မျက်စိစပ်ခြင်းနှင့် မျက်ရည်ယိုခြင်း၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်းတေွှဖစ်ပေါ်စေတတ်ပါတယ်။ ထပ်မံပြီးပြင်းထန်လာမယ်ဆိုရင်တော့ အသက်ရှူမြန်လာတာ၊ ရင်ဘတ်အောင့်တာ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါ၊ ရင်ကြပ်ပန်းနာပိုမိုဆိုးရွားတာ၊ အသက်ရှူကြပ်တာ၊ ချောင်းဆိုးပြီးပန်းနာရင်ကြပ်ဖြစ်ပွားတဲ့အခါ အသက်ရှူသံတေွ ပြင်းထန်လာတာတေွအထိ ဖြစ်လာစေတတ်ပါတယ်နော်။
မေမေတို့ရေ မီးခိုးငေွ့မှာ ကာဗွန်မိုနောက်ဆိုဒ်ပါ၀င်နေမယ်ဆိုရင်တော့ ခေါင်းကိုက်၊ ဇက်ကြောတက်၊ အားနည်းတာ၊ အန်တာ၊ ရင်ဘတ်အောင့်တာ၊ စိတ်ရှုပ်ထေွးတာတေွလည်းဖြစ်ပေါ်စေတတ်ပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငေွ့ကို အများအပြားရှူရှုိက်မိမယ်ဆိုရင်တော့ အသက်သေဆုံးတဲ့အထိ ဖြစ်ပေါ်နိုင်စေတာမို့ သတိထားပေးဖို့လိုအပ်ပါတယ်နော်။
ဒီလိုဖြစ်ပွားတတ်မှုတေွက ကလေးငယ်တေွ၊ ကိုယ်ဝန်ဆောင်မိခင်တေွ၊ သက်ကြီးရွယ်အိုဘိုးဘွားတေွအပါအဝင် နှလုံး၊ အသက်ရှူလမ်းကြောင်းရောဂါအခံရှိသူတေွမှာ ပိုမိုဖြစ်ပွားစေတတ်တာမို့လို့ ကျားလေးရဲ့ မေမေတေွအတွက် ပိုမိုပြီးသတိထားပေးဖို့လိုအပ်ပါတယ်နော်။ ဖော်ပြခဲ့တဲ့ ရောဂါလက္ခဏာတေွကို ခံစားနေရပြီဆိုရင်တော့ နီးစပ်ရာကျန်းမာရေးဌာနတေွကို အမြန်ဆုံးသွားရောက်ကြဖို့အတွက် ကျားလေးက မှျဝေပေးလိုက်ပါတယ်နော်။
Ref ; HM (ကျားလေး)