မေမေတို့ရေ အသက် ၆ လအထက်ရင်သေွးလေးတေွကို ဖြည့်စွက်စာစတင်ကျေွးမေွးတဲ့အချိန်မှာ နေ့စဉ်တစ်မျိုးတစ်မျိုးစီပြောင်းလဲပြီး ပြင်ဆင်ကျေွးမေွးသင့်ပါတယ်နော်။ အဲ့ဒီလိုဖြည့်စွက်စာပြင်ဆင်ေ်ပးတဲ့အခါမှာတော့ ကလေးငယ်လည်းအာဟာရပြည့်ပြီး အားအင်ရှိစေမယ့် အစားအစာတေွကို ပြင်ဆင်ပေးဖို့လိုအပ်ပါတယ်။ သတိထားရမှာကတော့ ဖြည့်စွက်စာစတင်ကျေွးတဲ့အခါမှာ ကလေးတေွကို ဖြည့်စွက်စာအဖတ်တေွမပါစေဘဲ အနှစ်လေးတေွချည်းဖြစ်အောင် ပြင်ဆင်ဖို့တော့ အရေးကြီးပါတယ်နော်။
ဒီတစ်ခါမှာတော့ အာလူးနှစ်ဖြည့်စွက်စာလေးကို ပြင်ဆင်ပေးလိုက်ရအောင်နော်။ အာလူးအရွယ်တော်တစ်လုံးကိုယူပြီး အခွံနဲ့အတူ ရေစင်စင်ဆေးပြီး နူးအိနေအောင်ပြုတ်ပေးရပါမယ်။ (အာလူးကို လတ်ဆတ်တဲ့အာလူးသာဖြစ်စေဖို့ ဂရုစိုက်ရပါမယ်)
အာလူးပြုတ်ရရင်တော့ အခွံခွာပြီး အတုံးလေးတေွတုုံးပြီး ဇွန်းလေးနဲ့ ကျေနေအောင်ချေပေးရမှာပါ။ ပြီးတဲ့အခါမှာတော့ နွားနို့ကိုကျိုချက်ပြီး ပန်းကန်လုံးတစ်ဝက်စာနဲ့အတူ ချေထားတဲ့အာလူးနဲ့ရောပြီး ကျိတ်ပေးရမှာပါ။ ပြီးရင်တော့ဘေဘီလေးကို အာဟာရပြည့်ပြည့်စားနိုင်အောင် ကျေွးလို့ရပါပြီနော်။
မိခင်နဲ့ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)