စျေး မီဒီယာ
အခြား

သားဆက်ခြား ပစ္စည်းအကြောင်း

Posted by May Thaw Htoo March 19, 2022
Jyffdkpod7cbn1immu3h

မွေးဖွားပြီး ၆ပတ်အကြာမှာ မေမေတွေရဲ့ မျိုးပွား အင်္ဂါတွေ ပုံမှန်နေရာပြန်ရောက်ပြီ ဖြစ်ပါတယ်။
အိမ်ထောင်ဖက် နဲ့ပြန်ပြီးဆက်ဆံနိုင်ပါတယ်။
တချို့က ပုံမှန် မဆက်ဆံဖြစ်ပေမယ့် ခပ်ဝေးဝေးတစ်ခါလောက်နေဖြစ်ကြတယ်။
အနေဝေးတာပဲ သားသမီးပြန်မရလောက်ပါဘူးလို့ ထင်တတ်ကြတယ် သားသမီးပြန်ရနိုင်တယ်နော်။ မလိုချင်သေးတဲ့အချိန်မှာ မမျှော်မှန်းထားပဲ ကိုယ်ဝန် မရသွားအောင် ကြိုတင်စဉ်းစား ရွေးချယ်ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။

ရိုးရိုးပဲမွေးမွေး၊ ဗိုက်ခွဲပဲမွေးမွေး မွေးဖွားနေတဲ့အချိန်မှာ အချင်းချပြီးတာနဲ့ သားအိမ်ထဲထည့်တဲ့ သားဆက်ခြား ပစ္စည်းကို ထည့်ပေးလို့ရပါတယ်။
ဖေဖေတို့ အမေတို့ ကြိုတင်စဉ်းစားဆုံးဖြတ်နိုင်အောင်
Post-partum Intra- uterine contraceptive Device (PPIUD)
သားဆက်ခြားပစ္စည်းအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

သားအိမ်အတွင်းထည့် သားဆက်ခြား ပစ္စည်းဆိုတာ အပြင်ဘက်က Copper ကြေးနီးဝိုင်ယာမျှင်လေးများ ရစ်ထားသော၊ ပလတ်စတစ် အချောင်းလေးများ ဖြစ်ပါတယ်။
အန္တရာယ်ကင်းပြီး ထိရောက်သော နှစ်ရှည်ခံ သားဆက်ခြား နည်းဖြစ်ပါတယ်။

သားဆက်ခြားနည်းလမ်းတွေထဲမှာတော့ အာနိသင်အကောင်းဆုံး နည်းတွေထဲက တစ်ခုပါပဲ TCu 380 A ဆိုတဲ့ ပစ္စည်းဟာ ဆိုရင် 12 နှစ်အထိ အာနိသင် ခံတယ်လို့ သုတေသနတွေ တွေ့ရှိထားပါတယ်။

ဒါပမယ့် ထုတ်လုပ်သူတွေ အညွန်းရေးထားတဲ့ အထဲမှာ ပါတဲ့ အတိုင်း လိုက်နာရပါမယ်။

သားဆက်ခြား ပစ္စည်း ပြန်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကိုယ်ဝန်ပြန်ရနိုင်ပါသည်။

နေ့စဉ်ဆေးသောက်ရန် မလိုတဲ့အတွက် သောကမရှိသလို
နို့ထွက်လျော့သွားမှာနဲ့ တခြား ဆိုးကျိုးများအတွက် မပူရတော့ပါဘူး
လိင်ဆက်မှုကို မထိခိုက်စေပါ
မည်သူမျှ မသိနိုင်ပါ။
တစ်ခါတစ်လေ လိင်ဆက်ဆံချိန်တွင် ကြိုးနှင့်ထိမိပြီး သိနိုင်ပါတယ်။

မွေးပြီးပြီးချင်း အချိန်ဟာ သားဆက်ခြား ပစ္စည်း ထည့်ဖို့ အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံး ဖြစ်ပါတယ်။

အထူးတလည် ပြင်ဆင်ရန်မလိုဘဲ အချင်းချပြီးတာနဲ့ ထည့်နိုင်ပါတယ်။
ကျွမ်းကျင်တဲ့ မွေးဖွားပေးသူဟာ ပစ္စည်း ထည့်ပေးဖို့လည်း အဆင်ပြေပါတယ်။
နာကျင်ရမှာလည်းမပူသလို လမ်းကြောင်းမှားထည့်မှာလည်း မပူရပါဘူး။
ဘာကြောင့်လဲဆိုတော့
ကလေးမွေးပြီးစ သားအိမ်အဝကလည်း အကျယ်ကြီးပွင့်နေလို့ပါပဲ သားအိမ်ရဲ့ထိပ်ပိုင်း အထိရောက်အောင် နေရာတကျဖြစ်ဖို့လိုပါတယ်။

ခွဲမွေးနေစဉ် သားအိမ်ရဲ့ ထိပ်ပိုင်းအထိရောက်အောင် ထည့်ရတာလွယ်ပါတယ်။

ရိုးရိုးမွေးစဉ်ထည့်ရာမှာတော့ သားအိမ်က ကြီးနေတဲ့အတွက်
ထည့်တဲ့ပစ္စည်းရှည်တဲ့ အမျိုးအစား (Long inserter) လိုပါတယ်။
မရှိရင်တော့ Kelley`s forceps ခေါ်တဲ့ ကိရိယာနဲ့ သားအိမ်အတွင်းထည့်သားဆက်ခြား ပစ္စည်းကို ကိုင်ပြီး သားအိမ်ရဲ့ ထိပ်ပိုင်းထိရောက်အောင် နေရာတကျ ထည့်ပေးလို့ရပါတယ်။ အချင်းချ ပြီးပြီးချင်း ထည့်တာ ဖြစ်တဲ့ အတွက် သားအိမ်ကျုံ့လာတာနဲ့အမျှ ကြိုးစလေး ရှည်ထွက်လာနိုင်တဲ့အတွက် လိုအပ်ရင် ဖြတ်ပေးဖို့လိုပါမယ်။
ပစ္စည်းထည့်ချိန်မှာ မသန့်ရင် မျိုးပွား အင်္ဂါအတွင်း ရောဂါပိုးဝင်နိုင်ပြီး သားအိမ်ရောင် တတ်ပါတယ်။ ဒါပေမယ့်လို့ မွေးဖွားအချိန်မှာ ဖြစ်လို့ အကုန်ပိုးသန့်ထားတဲ့ အချိန်ဖြစ်တဲ့အတွက် စိတ်မပူရပါဘူး။


မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ဇန်နဝါရီလ ၂၀၁ရ ထုတ် ဒေါက်တာမြသီတာ၏ မွေးပြီးပြီးချင်း သားအိမ်တွင်းထည့် သားဆက်ခြား ပစ္စည်းအကြောင်း မှ ကောက်နုတ်ထားပါသည်။


San Su Kyi Naing

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.