မေမေတို့ရေ ရင်သေွးငယ်လေးတေွ အရည်ရှည်ပြီး ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပေးမယ့် ဖြည့်စွက်စာလေးကို နေအိမ်မှာအလွယ်တကူ ပြင်ဆင်ကျေွးမေွးလိုက်ရအောင်နော်။
ပါ၀င်ပစ္စည်းများ ...
- အားဖြည့်ဆန် .. စားပွဲဇွန်း ၂ ဇွန်း
- ပဲဝါလေး .. စားပွဲဇွန်း ၂ ဇွန်း
- သီဟိုစေ့ .. စားပွဲဇွန်း ၂ ဇွန်း
- မြေပဲဆံ .. စားပွဲဇွန်း ၂ ဇွန်း
- ကုလားပဲ .. စားပွဲဇွန်း ၁ ဇွန်း
- ပဲနီလေး .. စားပွဲဇွန်း ၂ ဇွန်း
- ဆား ... အနည်းငယ်
- ထောပတ် .. အနညး်ငယ်
- ရေ .. နို့ဆီဗူူးတဝက်
ပြင်ဆင်နည်း ...
- ဦးစွာ အားဖြည့်ဆန်၊ ပဲဝါလေး၊ သီဟိုစေ့၊ မြေပဲဆံ၊ ကုလားပဲ၊ ပဲနီလေးတို့ကို တစ်မျိုးစီအလိုက် ရေစင်အောင်ဆေးထားပါ။
- အိုးသန့်သန့်လေးထဲသို့ အားဖြည့်ဆန်၊ ပဲဝါလေး၊ ကုလားပဲ၊ ပဲနီလေးတို့ကို ထည့်ပြီးလေှာ်ပါ။ နီပြီးအရောင်ပြောင်းတဲ့အထိ လေှာ်ပြီး မီးဖိုပေါ်မှချပြီး ပန်းကန်လုံးသန့်သန့်ထဲသို့ထည့်ထားပါ။
- မြေပဲဆန်၊ သီဟိုစေ့တို့ကို ထပ်မံလေှာ်ပါ။
- ပြီးလှျင် blender ထဲသို့ လေှာ်ထားသည့် နှစ်မျိုးကိုထည့်ပြီး အမှုန့်များဖြစ်သည်အထိ အခြောက်ကျိတ်ပါ။ (blender အဆင်မပြေပါက အမှုန့်ဖြစ်အောင် လက်ကျိတ်စက်ဖြင့်ကျိတ်နိုုင်ပါတယ်)
- ပြီးလှျင် အိုးသန့်သန့်ထဲသို့ ကျိတ်ထားသည့်အမှုန့်များနှင့် ရေ၊ ဆားအနည်းငယ်ထည့်ပြီး ပြစ်သည်အထိကျိုချက်ရမှာပါ။ အရည်ဆူပွက်လာပါက ထောပတ်အနည်းငယ်ထည့်ပြီး ထပ်မံမေွှကျိုချက်ပေးနိုင်ပါတယ်။ ကျိုချက်သည့်ဖြည့်စွက်စာများပြစ်နှစ်ပြီး ရေမသွက်သည်အထိကျိုချက်ပြီးပါက မီးဖိုပေါ်မှချအအေးခံပြီး ရင်သေွးငယ်လေးများကို ကျေွးမေွးနိုင်ပါပြီနော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)