မေမေတို့ရေ ဘေဘီလေးတေွ အသက် ၆ လအထက်ဆိုတာနဲ့ ဖြည့်စွက်စာစတင်ကျေွးလို့ရပြီနော်။ ဒီလိုအချိန်မျိုးမှာ အာဟာရလည်းပြည့်ဝတဲ့ ကြက်သား ပန်းသီး ထမင်းပေါင်းလေးကို ပြင်ဆင်လိုက််ရအောင်နော်။ မေမေတို့ရေ ဘေဘီလေးတေွကို မိခင်နို့ချိုတိုက်ကျေွးနေရာကနေ ပထမဆုံးစကျေွးတဲ့ ဖြည့်စွက်စာအတွက်တော့ ဒီလိုလေးပြင်ဆင််ဖို့မလိုသေးပေမယ့် တစ်ပတ်လောက်အထိ အခြားဖြည့်စွက်စာလေးတေွ ပြင်ဆင်ပေးပြီးပြီဆိုရင်တော့ အခုချက်ပြုတ်မယ့် ကြက်သား ပန်းသီး ထမင်းပေါင်းလေးကို ပြင်ဆင်ကျေွးလို့ရပါပြီနော်။
ပါ၀င်ပစ္စည်းများ ..
- အားဖြည့်ဆန် ... နို့ဆီဗူးတဝက်
- ပန်းသီး ... တစ်ခြမ်း
- မုန်လာဥနီ ... တစ်ပိုင်း
- ကြက်သား ... ငါးကျပ်သား
- နွားနို့ ... ရေသန့်ဗူးတဝက်
ပြင်ဆင်ချက်ပြုတ်နည်း ..
- ဦးစွာ အားဖြည့်ဆန်ကို ချက်ပြုတ်ပါ။ ပန်းသီး၊ မုန်လာဥနီတို့ကိုရေစင်အောင်ဆေးပြီး အတုံးလေးများတုံးထားပါ။
- ကြက်သားကိုရေစင်အောင်ဆေးပြီး အတုံးလေးများတုံံးထားပါ။
- ကြက်သား၊ ပန်းသီး၊ မုန်လာဥနီတို့ကို အိုးသန့်သန့်လေးထဲထည့်ပြီးပေါင်းပါ။
- နွားနို့ကို ကျိုချက်ထားပါ။
- ကြက်သား၊ ပန်းသီး၊ မုန်လာဥနီပေါင်းရပါက blender ထဲသို့ထည့်ပါ။ ချက်ပြုတ်ပြီးထမင်းကိုထည့်ပါ။ ကျိုချက်ပြီးနွားနို့ကိုပါထည့်ပြီး ကြေညက်နေအောင် ကျိတ်ပြီး ရင်သေွးငယ်လေးကို ကျေွးမေွးနိုင်ပါပြီ။
(blender အဆင်မပြေပါက ပါ၀င်ပစ္စည်းများကို တစ်ကြိမ်ကျေွးရုံစီထည့်ပြီး ဇွန်းဖြင့်ကျိတ်ချေကာ အဝတ်ပိတ်စအသန့်ဖြင့် ညှစ်ချပြီး ကျေွးနိုင်ပါသည်)
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)