မေမေ၊ ဖေဖေတို့ရေ အခုရက်တေွအတွင်း နေတေွအရမ်းပူတယ်နော်။ အပြင်ထွက်တဲ့အခါ သတိထားသွားလာကြဖို့နဲ့ ပူပြင်းတဲ့ဒီလိုအချိန်မှာ မိသားစုတေွအားလုံး အပူဒဏ်ကို ကာကွယ်နိုင်ဖို့အတွက် လိုအပ်ချက်တေွကို ကျားလေးက မှျဝေလိုက်ပါတယ်နော်။ အပူချိန်အရမ်းပြင်းနေတာမို့ ကလေးတေွကို ပိုဂရုစိုက်သင့်ပါတယ်။ မေွးကင်းစ ကလေးတေွကိုလည်း အနှှီးနဲ့ ကြပ်ထုပ်နေအောင် မထုပ်ထားသင့်ပါဘူး။
မေမေတို့ရေ ဒီလိုရာသီအချိန်မျိုးမှာ နေ့ခင်းပိုင်းအပူချိန်တေွများပြားနေတဲ့အတွက် ဖြစ်နိုင်ရင် ဘေဘီလေးတေွကို အပြင်ခေါ်မသွားတာအကောင်းဆုံးပါပဲနော်။ အပူချိန်တေွှပင်းတဲ့အတွက် လူကြီးတေွတောင် အဆောင်းအကာတေွမပါဘဲ မသွားသင့်ပါဘူးနော်။ တကယ်လို့ ဘေဘီလေးတေွကိုလည်း မဖြစ်မနေအပြင်ကိုခေါ်သွားရတော့မယ်ဆိုရင် နေရောင်ကာကွယ်ဖို့အတွက် အကာလေးတေွနဲ့ သေချာဂရုတစိုက်ခေါ်ဆောင်သွားဖို့အတွက် ကျားလေးကအကြံပြုလိုက်ပါတယ်နော်မေမေတို့ရေ။
Ref;HM (ကျားလေး)