Kyarlay.com

over 1 year

အသည်းရောင်အသားဝါ (ဘီ) နှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး မထိုးခဲ့သူများအတွက် ထိုးနှံပေးမည်...


S4zwrbusgb7tfz5h2ry7

မေမေတို့ရေ ကိုယ့်ရဲ့ဘေဘီလေးတွေက ၂၀၁၁ ခုနှစ် ဧပြီလကနေ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း မွေးဖွားခဲ့တာလား ?
ဘေဘီလေးကို အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး မထိုးပေးခဲ့ရသေးဘူးလား?

မေမေတို့ရေ ဘေဘီလေးက ၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ ၂၀၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့အတွင်း မွေးဖွားခဲ့တာလား ?
ဘေဘီလေးကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး မထိုးခဲ့ရသေးဘူးလား ?

ဒီလိုကလေးငယ်လေးတွေအတွက် ဒုတိယအကြိမ်အခွင့်အရေးအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနကနေ အခု ၂၀၁၈ ခုနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်လ တွေမှာကာကွယ်ဆေးထိုးနှံပေးသွားဖို့ စီစဉ်ထားပါတယ်နော်။ ကာကွယ်ဆေးထိုးနိုင်တဲ့နေရာတွေကတော့ ..
- ဗဟိုအဆင့်ဆေးရုံကြီးများရှိ ဆေးရုံအခြေပြုကာကွယ်ဆေးထိုးခန်းများ
- တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်အဆင့် ကုတင် (၁၀၀) နှင့်အထက် ဆေးရုံကြီးများ
- မြို့နယ်ဆေးရုံများအားလုံး
- ဒေသန္တရ၊ မိခင်ကျန်းမာရေးဌာနများအားလုံး
- အအေးလမ်းကြောင်းရှိသော တိုက်နယ်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးဌာနများ မှာသွားရောက်ထိုးနှံနိုင်ပါတယ်နော် မေမေတို့ရေ။

Source - ပြည်သူ့ကျန်းမာရေးဦးစီးဌာန

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)