Kyarlay.com

over 1 year

လွယ်လွယ်ကူကူပြုလုပ်နိုင်မယ့် နွားနို့ကြက်ဥပေါင်း ..


M9gt3mizcarmltxy2nxj

မေမေတို့ရေ ဘေဘီလေးတွေကို အာဟာရပြည့်ဝတဲ့အစားအစာလေးတွေကျွေးမွေးဖို့အတွက် နေအိမ်မှာပဲပြင်ဆင်ကြတဲ့အခါ အလွယ်တကူနဲ့ပြုလုပ်ပေးနိုင်ဖို့လည်း အရေးကြီးပါတယ်နော်။ ဒီတစ်ခါမှာတော့ နေအိမ်မှာအမြဲတမ်းအသုံးပြုနေတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ပဲ လွယ်လွယ်ကူကူနွားနို့ကြက်ဥပေါင်းလေး ပြုလုပ်ရအောင်နော်။

ပါဝင်သောပစ္စည်းများ ...
- ကြက်ဥ ... ၂ လုံး
- နွားနို့ ... ရေသန့်ဗူးတ၀က်
- သကြား ... စားပွဲဇွန်း ၂ ဇွန်း
- ဆား ... အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း ...
- ဦးစွာ ပါဝင်ပစ္စည်းများအားလုံးကို အိုးသန့်သန့်တစ်လုံးထဲသို့ထည့်ပြီး သမအောင်မွှေပါ။
- ပြီးလျှင် ကြွေပန်းကန်လုံး (သို့) စတီးပန်းကန်လုံးထဲသို့ထည့်ပါ။
- ထမင်းပေါင်းအိုး (သို့) ဟင်းပေါင်းအိုးထဲသို့ ရေအနည်းငယ်ထည့်ပါ။
- ပြီးလျှင် နို့များထည့်ထားသည့်ပန်းကန်လုံးကိုပေါင်းအိုးထဲသို့ထည့်ပြီး အပေါ်မှာ လုံအောင်အဖုံးဖုံးပါ။
- ပေါင်းအိုးအဖုံးကိုပိတ်ပြီး မိနစ် ၂၀ ၊ နာရီဝက်ခန့်အပူပေးပေါင်းပါ။
- ပြီးလျှင် မီးဖိုပေါ်မှချပြီး အအေးခံကာ ဘေဘီလေးတွေကို ကျွေးမွေးနိုင်ပါပြီ။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)