Kyarlay.com

over 1 year

ကိုယ်ဝန်ဆောင်မိခင်တစ်ဦး မွေးဖွားဖို့အတွက် ဘာတွေကို ကြိုတင်ပြင်ဆင်ရမလဲ ..


Jqjuecgju6k0dv9jfwow

မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအတွက် ရင်သွေးငယ်လေးတွေကို မွေးဖွားခါနီးအချိန် မမွေးဖွားမီမှာ ကြိုတင်ပြင်ဆင်စီစဉ်မှုတွေကို ဆောင်ရွက်ထားသင့်ပါတယ်။ ဘယ်လိုအချက်တွေအတွက် ကြိုတင်ပြင်ဆင်ပြီး စီစဉ်ထားသင့်တယ်ဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ပေးထားပါတယ်နော်။ အဲ့ဒီလမ်းညွှန်ချက်လေးတွေကို ကျားလေးကနေ မေမေတို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

၁။ ကလေးမွေးဖွားမည့် ခန့်မှန်းရက်ကို သိရှိထားရမည်။
၂။ ကလေးမွေးဖွားရန် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းတစ်ဦးကို ရွေးချယ်ထားရမည်။
၃။ မွေးဖွားခြင်းနှင့် အရေးပေါ်ကိစ္စရပ်များတွက်သွားရန် ဆေးရုံ၊ ဆေးခန်းကို ရွေးချယ်ထားရမည်။
၎။ ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားစဉ်ကြုံတွေ့နိုင်သည့် အန္တရာယ်လက္ခဏာများကို သိရှိထားရမည်။
၅။ အရေးပေါ်ဖြစ်ခဲ့ပါက ဆုံးဖြတ်ပေးနိုင်မည့်သူတစ်ဦးရှိရမည်။
၆။ အရေးပေါ်အခြေအနေတွင် လိုအပ်သောငွေ မည်သို့သိရှိနိုင်မည်ကို သိရှိထားရမည်။
၇။ အရေးပေါ်အခြေအနေတွင် ဆေးရုံ၊ ဆေးခန်းသို့သွားရန် သယ်ယူပို့ဆောင်မှုကို ကြိုတင်စီစဉ်ထားရမည်။
၈။ မွေးဖွားရန်အတွက် အခြေခံအကျဆုံး လိုအပ်သောပစ္စည်းများကို စုဆောင်းထားရမည်။ (ကလေးမွေးဖွားမည့် မေမေတို့အတွက်လိုအပ်တဲ့ပစ္စည်းအစုံပါဝင်တဲ့ New Born Box ကို ကျားလေးမှာဝယ်ယူရရှိနိုင်ပါတယ်)
၉။ မွေးဖွားစဉ်နှင့် မွေးပြီးအနည်းဆုံး (၂၄) နာရီကြာသည်အထိ အနီးတွင်နေပေးမည့်သူရှိရန် ကြိုတင်စီစဉ်ထားရမည်။
၁၀။ အိမ်မှုကိစ္စနှင့် အခြားကလေးကိစ္စများကို ကူညီစောင့်ရှောက်မည့်သူတစ်ဦး စီစဉ်ထားရှိရမည်။
၁၁။ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူရန်အတွက် ရက်ချိန်းကို သိရှိရမည့်။
၁၂။ မိခင်ကလေးကျန်းမာရေးမှတ်တမ်း အဆင်သင့်ရှိရမည်။

မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအတွက် ဒီအချက်လေးတွေကို ကြိုတင်ပြင်ဆင်စီစဉ်ထားနိုင်ဖို့ မိသားစုဝင်တွေအားလုံးကလည်း ပံ့ပိုးပေးဖို့အတွက် လိုအပ်ပါတယ်နော်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)