မေမေတို့ရေ ရင်သေွးလေးတေွကို အသက်အရွယ်အလိုက် ကာကွယ်ဆေးတေွထိုးနှံပေးရတဲ့အထဲမှာ မမေ့မလျော့ဘဲ ထိုးနှံရမယ့် ကာကွယ်ဆေးတစ်မျိုးအနက် ပြင်းထန်အဆုတ်ရောင်ရောဂါပိုးကာကွယ်ဆေး (PCV) ထိုးနှံပေးဖို့လည်း ပါ၀င်တယ်နော်။ ဒီဆေးက အဲ့ဒီရောဂါပိုးကြောင့်ဖြစ်တတ်တဲ့ အဆုတ်ရောင်ရောဂါနဲ့ ဦးနေှာက်အမြေှးရောင်ရောဂါတေွကို ကာကွယ်နိုင်စွမ်းရှိတယ်နော်။ အဲ့ဒီကာကွယ်ဆေးကိုတော့ ကလေးအသက် ၂ လမှာတစ်ကြိမ်၊ ၄ လမှာတစ်ကြိမ်၊ ၆ လမှာတစ်ကြိမ် ထိုးပေးဖို့လိုအပ်ပါတယ်နော်။
ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်တဲ့ကလေးက ဖျားတာ၊ တုန်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူမြန်ပြီးအသက်ရှူတဲ့အခါ ရင်ဘတ်အောင့်ချိုင့်ဝင်တာတေွခံစားရတတ်ပါတယ်။ ဒီရာသီမှာက သာမန်ဖျားနာတာ၊ ချောင်းဆိုးတာတေွလည်းဖြစ်တတ်ကြောင့် အဲ့ဒီကမှရောဂါပိုးတေွထပ်ပြီးမကူးစက်ရအောင် ကြိုတင်ကာကွယ်ထားတာပိုကောင်းပါတယ်နော်။
ဦးနေှာက်အမြေှးရောင်ရောဂါဖြစ်ခဲ့မယ်ဆိုရင်လည်း ကလေးတေွအနေနဲ့ ငိုနေရုံကလွဲပြီး ခံစားရတာတေွကို ပြောမပြတတ်တာမျိုးဆိုတော့ ရောဂါပိုးကာကွယ်ဆေးကို သူ့အရွယ်အလိုက်ထိုးပေးထားတာ ပိုကောင်းပါတယ်နော်။
(မှတ်ချက်-ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေးသည် နျူမိုကောကပ်စ် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားသော ရောဂါများကိုသာ ကာကွယ်ပေးပြီးအခြားဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားသော အလားတူရောဂါများကို မကာကွယ်နိုင်ပါ)
ref: ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များစာအုပ်မှ
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)