မေမေတို့ရေ ကိုယ့်ရဲ့ရင်နှစ်သည်းခြာရင်သွေးရတနာလေးတွေကို ဘယ်အသက်အရွယ်အထိ နို့ချိုတိုက်ကျွေးရမယ်ဆိုတာကို ဆုံးဖြတ်ရခက်နေပြီလား။ တကယ်တော့ရင်သွေးလေးတွေကို အသက် (၆) အထိကတော့ မိခင်နို့တစ်မျိုးတည်းကလွဲပြီး ရေတောင်မတိုက်သင့်ပါဘူးနော်။ တကယ်လို့အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ချိုထွက်ရှိမှုနည်းတာ၊ နို့မထွက်တာဆိုရင်တော့ နို့ဗူးနဲ့တွဲဖက်တိုက်ကျွေးနိုင်ပါတယ်။ အတတ်နိုင်ဆုံးကတော့ မိခင်နို့ကိုပဲတိုက်ကျွေးသင့်ပါတယ်။
အဲ့ဒီကမှ (၆) လနောက်ပိုင်း ဖြည့်စွက်စာတွေကျွေးနေပြီဆိုရင်လည်း နို့ဖြတ်တာတော့မပြုလုပ်သင့်သေးပါဘူး။ အစားလည်းကျွေး မိခင်နို့ကိုလည်း ဆက်ပြီးတိုက်ဖို့လိုအပ်ပါတယ်။ ဒါမှလည်း ကျန်းမာသန်စွမ်းတဲ့ ရင်သွေးလေးကို ပိုင်ဆိုင်နိုင်မှာပါ။
မေမေတို့က ရင်သွေးလေးကို နို့ဖြတ်ချင်တယ်ဆိုရင်တော့ အသက် (၂) နှစ်အရွယ်ဆိုရင် နို့ဖြတ်နိုင်ပါပြီနော်။ အဲ့ဒီမတိုင်မီကတော့ မေမေတို့အနေနဲ့ အလုပ်မအားခဲ့ရင်တောင် ညဘက်ရင်သွေးလေးနဲ့အတူရှိနေချိန်တွေမှာတော့ မိခင်နို့ကိုတိုက်ကျွေးသင့်ပါတယ်။ မိခင်နို့ဆိုတာ ရင်သွေးငယ်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ဆေးစွမ်းတစ်လက်ပါပဲ။ တော်ရုံနေမကောင်းဖြစ်ရင်တော့ မိခင်နို့ချိုတိုက်ကျွေးရင်းနဲ့ပဲ ပျောက်ကင်းနိုင်ပါတယ်မေမေတို့ရေ။
မိခင်နဲ့ရင်သွေးတိုင်းအတွက်မေတ္တာမွန်ဖြင့်
HM (ကျားလေး)