အပြင်နားတွင် မိဘများ စိတ်ပူလေ့ရှိသော နားဖာဂျီး ပြဿနာအား ဦးစွာရှင်းပြလိုပါသည်။
နားဖာဂျီးဟူသည် နားအတွင်းရှိ အဆီဂလင်း၊ ချေှးဂလင်း နှင့် အရေပြား အမှုန် အမွှားလေးများ စုပေါင်းရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
လူတစ်ဦး နှင့် တစ်ဦး တူကြပေ။
အချို့သည် နားဖာဂျီး အစိုထွက်၍ အချို့သည် နဖားဂျီး အခြောက်ထွက်သည်။
နားအဝရှိ နားဖားဂျေးများအား အဝတ်သန့်သန့်ဖြင့်သော်လည်းကောင်း ဂွမ်းသန့်သန့်ဖြင့်သော်လည်းကောင်း သန့်ရှင်းပေးလှျင် လုံလောက်ပါသည်။
နားကျပ်တံ (Cotton Bud) ဖြင့် နားသန့်ရှင်းရေးလုပ်ခြင်းသည် အပြင်သို့ထွက်မည့် နားဖားဂျီးများအား အတွင်းသို့ တိုးဝင် စုပုံစေပါသည်။
အခန့်မသင့်လှျင် နားစည်အမြေှး ပေါက်နိုင်ပါသည်။
နားအတွင်း နားဖားဂျီး လုံးဝ ပိတ်ဆို့နေမှသာလှျင် တတ်ကျှမ်းသော ပညာရှင်မှ အဏုကြည့် မှန်ပြောင်းသုံး၍ သန့်ရှင်းပေးလေ့ရှိသည်။
နားဖားဂျီးသည် မာခဲနေလှျင် ဦးစွာ ပထမ အနေဖြင့် ပျော့သွားစေရန် (Glycerin) ဂရစ်စလင်းပါသော အရည်ထည့်ပေးပြီး ပျော့သွားအောင် ပြုလုပ်ရန်လိုသည်။
မသန့်ရှင်းသည့် နားသန့်ဆေးများ သုံးပါက ပိုးဝင်ပြီး နားကိုက်ခြင်း၊ နားယောင်ခြင်းများ ဖြစ်စေနိုင်ပါသည်။
နားအတွင်းတွင် ပိုးကောင်ဝင်ပါက ဦးစွာ ပထမ ၄င်းအကောင်အား သေစေနိုင်ရန်
အရည်တစ်မျိုးမျိုး (ရေ၊ ဆီ )ထည့်သွင်းရန် လိုအပ်သည်။
နားအတွင်း ပိုးကောင်နှင့် အခြားအရာများ မတော်တဆ ၀င်ပါက စောလှျင်စွာ ထုတ်ယူရန်လိုအပ်သည်။
၄င်း အကောင်မှ ကုတ်ခြစ်ခြင်း၊ ကိုက်ဖြတ်ခြင်း တို့ကြောင့် နားအပြင်လမ်းကြောင်းနှင့် နားစည်အား ဒဏ်ရာရရှိစေသောကြောင့် ဖြစ်သည်။
နားအတွင်းသို့ ဘတ္ထရီကဲ့သို့သော ပစ္စည်းများ ၀င်ပါက စောလှျင်စွာ ထုတ်ယူရန်လိုအပ်သည်။
အဘယ်ကြောင့်ဆိုသော် ဘတ္ထရီများသည် ၄င်းပတ်ဝန်းကျင်အား လှုိက်စားစေနိုင်သော သတ္တိရှိသောကြောင့့် ဖြစ်သည်။
နားအတွင်းသို့ စပါးစေ့၊ ခဲဖျက် စသည်တို့ဝင်ပါကလည်း ကျှမ်းကျင် ပညာရှင်ဖြင့် ထုတ်ယူရန် လိုအပ်သည်။
နား၊ နှာခေါင်းလည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်ကုဆရာဝန် တစ်ဦးဦးဖြင့် တိုင်ပင် ဆေွးနေွးသင့်သည်။
မှတ်ချက်။ ။ မေ့ရင်သေွး မဂ္ဂဇင်း ဖေဖော်ဝါရီလ 2017 ထုတ်တွင် ဒေါက်တာ အောင်ထက်ထွန်း၏ ကလေးငယ်များအတွက် နားကျန်းမာရေး ဆောင်းပါးမှ ကောက်နုတ်ထားခြင်းဖြစ်သည်။