မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလအရေးကြီးတဲ့ နေထိုင်လှုပ်ရှားမှုပြုလုပ်နေရခြင်းတေွအတွက် နည်းလမ်းမှန်ကန်ဖို့အရေးကြီးပါတယ်။ ကိုယ်ဝန်နုစဉ်အခါမှာလည်း သတိထားဖို့လိုသလို ကိုယ်ဝန်လရင့်လာချိန်မှာလည်း ကလေးငယ်က ကြီးထွားလာပြီဖြစ်လို့ ကလေးရဲ့အနေအထားမှန်ကန်ဖို့တေွကအစ မေမေတို့က ဂရုစိုက်ပေးရမှာပါ။ မေမေတို့ရေ ပုံလေးမှာပြထားတဲ့အတိုုင်း ဒီလိုကိုယ်ဝန်ဆောင်ကာလမှာ မတ်တပ်ရပ်တာဖြစ်ဖြစ်၊ သွားလာလှုပ်ရှားတာဖြစ်ဖြစ် မေမေတို့ရဲ့အနေအထားကို မတ်မတ်လေးထားပေးဖို့လိုပါတယ်။ အဲ့ဒါမှလည်း ဗိုက်ထဲကသားသားမီးမီးလေးတေွရဲ့ အနေအထားနေထိုင်ရမှုမှန်ကန်ပြီး မေမေတို့အတွက်လည်း သက်တောင့်သက်သာရှိစေမှာဖြစ်ပါတယ်။
နောက်တစ်ခုသတိပြုရမှာကတော့ ပစ္စည်းတေွသယ်ယူမှုပုံစံပါ။ ကိုယ်ဝန်ဆောင်ကာလမှာ အလေးအပင်မတာတေွ၊ ပစ္စည်းသယ်ယူရေွှ့ပြောင်းတာတေွ မပြုလုပ်သင့်ပါဘူး။ တကယ်လို့မဖြစ်မနေပြုလုပ်ရဖို့ဖြစ်လာပြီဆိုရင်လည်း ပုံလေးမှာပြထားတဲ့အတိုင်း ခါးကြီးကိုကုန်းပြီး ဗိုက်ကိုထိခိုက်အောင်မယူပဲ ဒူးလေးကိုကေွးပြီးမှ ဗိုက်ကိုစည်းပြီးထိမိမသွားအောင် ဂရုတစိုက်နဲ့ ပြုလုပ်သင့်ပါတယ်နော်။
အိပ်စက်ပုံကတော့ အရေှ့မှာလည်းတင်ခဲ့ပြီးသလိုပါပဲ။ ကိုယ်ဝန်ဆောင်မေမေတေွအိပ်စက်တဲ့အခါ ဘေးတစ်စောင်းအနေအထားပဲအိပ်စက်သင့်ပါတယ်။ ခြေထောက်ကိုလည်း ၄၅ ဒီဂရီအစောင်းအနေအထားနဲ့ ထားသင့်ပါတယ်။ ဒါမှလည်း မေမေတို့အတွက်ရော၊ ရင်သေွးလေးအတွက်ပါ အဆင်ပြေစေနိုင်မှာပါ။
မေမေတို့ရေ နေထိုင်မှုအနေအထားမှားယွင်းပြီး ရင်သေွးလေးရဲ့ သန္ဓေတည်မှုပုံစံပျက်ယွင်းသွားတဲ့အခါ မိခင်ရောကလေးအတွက်ပါ အဆင်မပြေမှုတေွနဲ့ ကြုံတေွ့ရနိုင်မို့လို့ ကိုယ်ဝန်ဆောင်ချိန်မှာ ဂရုတစိုက်နဲ့ ပြုမူနေထိုင်ကြဖို့အတွက် ကျားလေးက မှျဝေပေးလိုက်ပါတယ်နော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)