Kyarlay.com

over 1 year

ထောပတ်သီး၊ ငှက်ပျောသီး အားဖြည့်စာ ...


Scbrnrteoumnux5oimf4

မေမေတို့ရေ သားသားမီးမီးတို့ ခွန်အားပြည့်ပြီး ကျန်းမာဖွံ့ဖြိုးလှပလာစေဖို့ ထောပတ်သီးနဲ့ ငှက်ပျောသီးအားဖြည့်စာလေးကို ပြင်ဆင်ကျွေးလိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ ..
- ထောပတ်သီး ... ၁ လုံး
- ငှက်ပျောသီး ... ၁ လုံး
- ရေ ... အနည်းငယ် (သို့မဟုတ်) - မိခင်နို့ ... ပန်းကန်လုံးတစ်လုံး

ပြင်ဆင်နည်း ...
- ထောပတ်သီးအသားချည်းအတုံးလေးများတုံးထားပါ။
- ငှက်ပျောသီးကိုအတုံးလေးများတုံးထားပါ။
- ကလေးများစားရလွယ်ကူစေရန် ထောပတ်သီးနှင့် ငှက်ပျောသီးကို ရေအနည်းငယ် (သို့မဟုတ်) မိခင်နို့နှင့်ရောပြီး Blender ထဲတွင် မွှေပေးရမှာပါ။
- ပြီးလျှင်တော့ ပန်းကန်လုံးသန့်သန့်လေးထဲမှာထည့်ပြီး ရင်သွေးငယ်များကို ကျွေးမွေးနိုင်ပါပြီ။

သားသားမီးမီးတို့ အာဟာရပိုမိုရှိစေဖို့အတွက် ရေအစား မိခင်နို့ကိုသာ အသုံးပြုလျှင်ပိုမိုကောင်းမွန်ပါတယ်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)