Kyarlay.com

over 1 year

ဘေဘီလေးတွေအတွက် ပန်းသီးထမင်းဖြည့်စွက်စာ ..


Dxo3v9orquqm36uwhup9

မေမေတို့ရေ ဒီနေ့မှာတော့ ဘေဘီလေးတွေဖြည့်စွက်စာ စတင်စချိန်ကစလို့ ကျွေးမွေးနိုင်မယ့် ပန်းသီးထမင်းဖြည့်စွက်စာလေးကို ပြင်ဆင်ရအောင်ေနာ်။

ပါဝင်ပစ္စည်းများ ..
- ပန်းသီး ... ၁ လုံး
- အားဖြည့်ဆန် ... နို့ဆီဗူးဝက်
- ရေ ... ပန်းကန်လုံး ၁ လုံး

ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာ ပန်းသီးကို အခွံခွာပြီး ဆန်ကို ရေစင်အောင်ဆေးထားပါ။
- အိုးသန့်သန့်ထဲသို့ ပန်းသီး၊ ဆန်နှင့် ရေထည့်ပြီး ပေါင်းပါ။
- ၁၅ မိနစ်ခန့်ပေါင်းပြီး ရေခန်းလျှင် မီးဖိုပေါ်မှချပါ။
- Blender ထဲသို့ ပေါင်းထားသည့် ပန်းသီးထမင်းထည့်ပြီး ရေအနည်းငယ်ထပ်ထည့်ပြီး မွှေပါ။
- ရင်သွေးငယ်များအကြိုက်တွေ့မယ့် စားချင်စဖွယ် ပန်းသီးထမင်းဖြည့်စွက်စာရပါပြီနော်။

အသက် ၆ လအရွယ် ဖြည့်စွက်စာစတင်ကျွေးမွေးချိန်မှာ ဆား၊ ဆီ မထည့်တာပိုကောင်းပါတယ်နော် မေမေတို့ရေ။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)