စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

မိခင်နို့အကြောင်း သိကောင်းစရာ

Posted by May Thaw Htoo March 21, 2022
F8p99jym2rcpvkrzuub8

နိ့ကြောင်းပိတ်တာတို့၊ နို့မထွက်တာတို့လည်း ကလေးမွေးပြီးရင်ရှိတတ်ပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ?

• နို့မထွက်တာက ကလေးကနို့သီးခေါင်းကို စုပ်ပြီးစို့တဲ့အခါမှာ နို့သီးခေါင်းထိပ်မှာရှိတဲ့ နို့ပြွန်လေးတွေပွင့်သွားပြီး နို့ထွက်လာတာပေါ့။
• နို့သီးခေါင်းထိပ်မှာက နို့ပြွန်လေးတွေရှိတယ်လေ။ အဲဒီနို့ပြွန်လေးတွေက တစ်ခါတလေပိတ်နေတတ်တယ်။
• နဂိုက ပွင့်ပြီးသားကလည်း ပိတ်သွားတတ်တယ်။ အဲဒီလိုပိတ်နေတတ်တော့ သူကနေထွက်ရမယ့် နို့ရည်ကလေးတွေက မထွက်နိုင်ဘူး။
• နို့ရည်ကလေးတွေ မထွက်လာနိုင်တဲ့အခါကျတော့ နို့အုံကတင်းပြီး ယောင်လာတတ်တယ်။ အဲဒီလိုတင်းလာပြီး နို့ပြွန်ကမပွင့်ဘူး။
• နို့လည်းမထွက်ဘူးဆိုရင် ပိုပိုပြီးတင်းလာပြီးတော့ နောက်ဆုံးနို့က မထွက်သွားဘူးဆိုရင် ပိုးဝင်သွားပြီး ပြည်တည်နာအထိ ဖြစ်တတ်ပါတယ်။

နို့အုံတင်းလာတဲ့ အခါမှာ အချိန်မီမညှစ်ထုတ်ပေးဘူးဆိုရင် ဘာတွေဖြစ်တတ်ပါသလဲ?

• နို့အုံသိပ်တင်းလာတဲ့ အခါကျရင် အထိမခံနိုင်ဘဲနာလာမယ်။
• နို့တင်းတဲ့အခါမှာ တစ်ခါတစ်လေ အဖျားပါ၀င်တတ်တယ်။
• ကလေးကလည်း သိပ်တင်းနေတဲ့နို့ကို စုပ်တဲ့အခါမှာ စုပ်လို့မနိုင်ဘူး ဖြစ်တတ်တယ်။
• နို့အုံကတင်းလာတော့ ကလေးကစုပ်လို့မရတော့ဘူး။
• အဲဒါကြောင့် ကလေးနို့စို့လို့ရအောင် နို့ကိုပျော့သွားအောင် အရင်ညစ်ထုတ်ပေးဖို့လိုအပ်ပါတယ်။ အဲဒီလိုနို့တင်းတာကို Breast Engorgement လို့ခေါ်ပါတယ်။

မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်း ၂၀၁၇ ဇွန်လထုတ်တွင် ပါမောက္ခ ဒေါက်တာ သင်းသင်းအောင် ဖြေပေးထားသော အင်တာဗျူးမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။

San Su Kyi Naing


အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.