Kyarlay.com

over 1 year

(၆) လအထက်ကလေးငယ်များအတွက် စားချင်စဖွယ်ဖြည့်စွက်စာ ..


N0blz75gbxj2jmb2lspu

မေမေတို့ရေ အသက် ၆ လနောက်ပိုင်းမှာ ရင်သွေးငယ်လေးတွေကို ဖြည့်စွက်စာစတင်ကျွေးမွေးနိုင်ပါပြီ။ တစ်နေ့တစ်မျိုးနဲ့ ရင်သွေးငယ်တွေအစားအစုံစားနိုင်အောင်၊ စားကျင့်ရှိအောင် လေ့ကျင့်ပေးရမှာပါ။ နေ့စဉ်စီမံပေးမှုတွေထဲမှာမှ ဒီနေ့အတွက်ကိုတော့ အာလူး၊ မုန်လာဥနီ၊ ရွှေဝါကန်စွန်းဥတို့ကိုရောထားတဲ့ ဖြည့်စွက်စာလေးကို စီမံပေးလိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ ...
- ကန်စွန်းဥ ... အရွယ်တော် ၁ ဥ (ရွှေဝါကန်စွန်းဥပိုမိုသင့်တော်ပါတယ်)
- အာလူး ... အကြီး ၁ လုံး
- မုန်လာဥနီ ... အရွယ်တော် ၁ ဥ
- ဆား ... အနည်းငယ်
- ရေ ... ပန်းကန်လုံး ၁ လုံး
- ထောပတ် ... အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာ အာလူး၊ မုန်လာဥနီ၊ ရွှေဝါကန်စွန်းတို့ကို အခွံသင်ပြီး ရေစင်အောင်ဆေး၊ အတုံးလေးများတုံးထားပါ။
- အိုးသန့်သန့်တစ်လုံးထဲသို့ ထောပတ်မှလွဲ၍ ပါဝင်ပစ္စည်းများအားလုံးကိုရောထည့်ပြီး ပေါင်းပေးပါ။
- ၁၅ မိနစ်ခန့်ပေါင်းပြီးရေခန်းသွားလျှင် မီးဖိုပေါ်မှချပြီး ထောပတ်ထည့်ကာ သမအောင်မွှေပြီး ရင်သွေးငယ်လေးအတွက် ပြင်ဆင်ကျွေးမွေးနိုင်ပါပြီ။

စားချင်စဖွယ်ဟင်းလျာလေးတွေကို နေ့စဉ်ပြင်ဆင်ကျွေးမွေးပြီး ရင်သွေးလေးတွေရဲ့ အစားစားချင်စိတ်ဖြစ်ထွန်းလို့ အာဟာရပြည့်ဝအောင် ပြုစုစောင့်ရှောက်နိုင်ကြပါစေနော်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)